မိန်းကလေးဆန်တဲ့ပုံစံလေးတွေကို ကြိုက်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ဓာတ်ပုံရိုက်တဲ့အခါ မိန်းကလေးဆန်ဆန်နဲ့ လှပနေမယ့် ပို့စ်ပေးနည်းအိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။
ဆိုဖာမှာထိုင်ရိုက်မယ်ဆိုရင် ဒီပို့စ်လေးကို Try ကြည့်ပါ။ ခြေတံအလှလေး ပိုပေါ်လွင်ပြီး မိန်းကလေးဆန်ဆန်နဲ့ အရမ်းလှပါတယ်။
ရေကူးကန်နားမှာ လှလှပပလေး ဝတ်ထားပြီး ရိုက်တယ်ဆိုရင် ဒီပို့စ်လေးအတိုင်း ရိုက်ကြည့်နော်။ အရမ်းလှပါတယ်။
လှေကားမှာပဲဖြစ်ဖြစ်၊ နံရံကပ်ပြီး ရိုက်တဲ့အခါမှာပဲဖြစ်ဖြစ် ဒီပို့စ်လေးက အသုံးဝင်ပါလိမ့်မယ်။
ကော်ဖီဆိုင်လေးတွေမှာ ထိုင်ရိုက်တဲ့အခါ မိန်းကလေးဆန်ပြီး လှနေစေမယ့် ပို့စ်လေးပါ။
ဒီတိုင်းလေး ငုတ်တုတ်ထိုင်ရိုက်တာတောင်မှ မိန်းကလေးဆန်ပြီး လှပနေစေမယ့် ပို့စ်အိုင်ဒီယာလေး ဖြစ်ပါတယ်။
ဒီပို့စ်လေးဆိုရင်လည်း မိန်းကလေးဆန်ပြီး ဆွဲဆောင်မှုရှိရှိနဲ့ အရမ်းလှပါတယ်။
လှေကားမှာထိုင်ရိုက်တဲ့အခါ ဘယ်လိုရိုက်ရမှန်းမသိရင် ဒီပို့စ်လေးအတိုင်း ရိုက်ကြည့်ပါ။ ခြေတံအလှပေါ်လွင်ပြီး အရပ်လည်း ပိုရှည်သလို ဖြစ်သွားစေပါတယ်။ ဆွဲဆောင်မှုရှိပြီးလှတဲ့ ပို့စ်လေးပါပဲ။
နောက်ထပ် ခြေတံအလှလေးပေါ်လွင်ပြီး မိန်းကလေးဆန်ဆန်နဲ့ လှနေစေမယ့် ပို့စ်လေးပါ။
ပို့စ်သိပ်မပေးတတ်လည်း မိန်းကလေးဆန်ဆန်လေး ဝတ်ထားတဲ့အခါ ဒီအတိုင်းလေးသာ ပို့စ်ပေးကြည့်ပါ။ ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။
ခုံတန်းရှည်လေးတွေမှာ ရိုးရိုးထိုင်မရိုက်ပဲ ဒီလိုလေးခြေထောက်နည်းနည်းဆင်းပြီး ရိုက်ကြည့်နော်။ မိန်းကလေးဆန်ပြီး ပိုလှပါတယ်။
Photo source:www.pinterest.com