သင်က ကင်မရာကို မကြည့်ဘဲ သဘာဝ ကျကျလေး ပို့စ်ပေးလို့ရပါတယ်။ ဒါ့အပြင် ပို့စ်ပေးနည်းတွေကလည်း လွယ်ကူပါတယ်။ တစ်ခါတလေ ကင်မရာကို တိုက်ရိုက်ကြည့်တာထက် မကြည့်တဲ့ ပို့စ်လေးတွေက ကိုယ့်ကို ပိုလှသွားစေနိုင်ပါတယ်။ သင်က သင့်ပို့စ်ပေးနည်းတွေကို နဂိုနဲ့ မတူဘဲ ပြောင်းလဲချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါ ပို့စ်ပေးနည်းတွေက သင်နဲ့ အဆင်ပြေပါလိမ့်မယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

ဒီပို့စ်လေးကတော့ ဆံပင်ရှည် ပိုင်ဆိုင်တဲ့ ပျိုမေတို့နဲ့ ပို အဆင်ပြေပါလိမ့်မယ်။ ခေါင်းငုံ့လိုက်တဲ့အခါ ကိုယ့်ဆံပင်က ဝိတ်ပိုများတယ် ထင်ရစေပါတယ်။ သင့်လက်ကလေးကို တန်းတန်းမထားဘဲ ပုံထဲကလို ထားနိုင်ပါတယ်။

တစ်နေရာရာမှာ ထိုင်ပြီး ပို့စ်ပေးမယ်ဆိုရင်လည်း ခေါင်းငုံ့ပို့စ်လေးကို သုံးနိုင်ပါတယ်။ ဆံပင်သပ်နေတဲ့ ပုံစံလေး လုပ်ကြည့်နိုင်ပါတယ်။

ခေါင်းငုံ့ပြီး ကင်မရာကို မကြည့်ဘဲ အိတ်ကလေး ကိုင်တော့မယ့်အချိန် ဓာတ်ပုံရိုက်လိုက်တာက ကဗျာဆန်ဆန် ပုံလေး ရစေပါလိမ့်မယ်။

လက်ကလေးကို လွတ်လွတ်လပ်လပ်လေး ထားကာ အောက်ငုံ့ပြီး ရယ်နေတာက ချစ်စရာ ကောင်းပါတယ်။

တစ်ကိုယ်လုံး ပုံစံ ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ လမ်းလျှောက်ရင်း ခေါင်းငုံ့နေနိုင်ပါတယ်။

သင်က အထာကျကျ စတိုင်လေး လိုချင်တယ်ဆိုရင်တော့ ကင်မရာကို သင်နဲ့ ဘေးစောင်း ပုံစံထားပြီး ပို့စ်ပေးနိုင်ပါတယ်။

ကင်မရာကို သင့်ရဲ့ အပေါ်စည်းကနေ ထားခိုင်းကာ အနီးကပ်စတိုင်လေး ခေါင်းငုံ့နေနိုင်ပါတယ်။

သင်က အိတ်ကလေး ကိုင်ထားရင်း ခေါင်းငုံ့ကာ ရယ်နေနိုင်ပါတယ်။

ဆံပင်သပ်ပြီး ခေါင်းငုံ့နေတဲ့ စတိုင်လေးကလည်း ဓာတ်ပုံထဲ လှနေမယ့် အိုင်ဒီယာကောင်းပါပဲ။

အအေးသောက်ရင်း ကိုယ်စားနေတဲ့မုန့်ကို ခေါင်းငုံ့ကြည့်နေတာကလည်း ဘာမှ သိပ်ကြိုးစားစရာမလိုဘဲ လှနေမယ့် ပို့စ်ပါ။

Photo Source: Pinterest

by MyStyle Myanmar