တချို့တွေရဲ့ Wall, Timeline ထဲ ဝင်ကြည့်လိုက်တာနဲ့ စိတ်ကူးယဉ်ဆန်ဆန်နဲ့ ဖန်တီးမှု ကောင်းလွန်းတဲ့ ဓာတ်ပုံတွေနဲ့ တင်ဆက်ပုံတွေကို သင်မြင်ဖူးမှာပါ။ သင်ကိုယ်တိုင်လည်း သင့်အကြောင်းကို ပြောပြတဲ့ Wall တစ်ခုကို ဖန်တီးနိုင်ပါတယ်။ သင့်ဓာတ်ပုံတွေ အရင်ကထက် ပိုလှလာဖို့၊ သင့် Timeline မှာ ပုံလှလှလေးတွေနဲ့ ပြည့်နေဖို့ ဆန်းသစ်ပြီး ချစ်စရာကောင်းတဲ့ ပို့စ်ပေးနည်းတွေကို ဖော်ပြပါရစေ။

၁။ နောက်ပြန်လှည့်ကြည့်တဲ့ပို့စ်

သင်က ကျောဘက်မှာ ဗြောင်ဖောက်ထားတဲ့ အဝတ်အစားမျိုး ဒါမှမဟုတ် ကျောအလှ အင်္ကျီမျိုးကို ဝတ်ထားတယ်ဆိုရင်တော့ နောက်ပြန်လှည့်တဲ့ ပို့စ်က အသင့်တော်ဆုံး ပို့စ်ပေးနည်း ဖြစ်ပါတယ်။

၂။ လမ်းလျှောက်နေတဲ့ပုံစံ

ကင်မရာမန်းနဲ့ ချိန်ကိုက်ပြီး နံပါတ်စဉ် ရေတွက်ကာ လမ်းလျှောက်တဲ့ပုံစံလေးကို ရိုက်နိုင်ပါတယ်။ ဒီပို့စ်က သဘာဝ ကျကျနဲ့ လှတဲ့ ပို့စ်ပေးနည်း ဖြစ်ပါတယ်။

၃။ ကင်မရာကို ကိုင်ထားတဲ့ပို့စ်

မျက်နှာမပြဘဲ Profile ချိန်းချင်တဲ့ ကောင်မလေးတွေအတွက် ကင်မရာ ဒါမှမဟုတ် ဖုန်းကို ကိုင်ပြီး မျက်နှာကွယ်ထားတဲ့ ပို့စ်ကို မဖြစ်မနေ လိုအပ်ပါတယ်။

၄။ နောက်ခံ ရှုခင်းလှရင်

နောက်ခံ ရှုခင်းလှတယ်ဆိုရင်တော့ လက်တစ်ဘက်ကို မြှောက်ပြီး လွတ်လပ်တဲ့ ပုံစံ ပို့စ်လေးက လူငယ်ဆန်ဆန်နဲ့ ပိုလှသွားစေပါတယ်။

၅။ လှေကားမှာ ထိုင်တဲ့ ပို့စ်

လှေကားပေါ်မှာ ထိုင်ပြီး လက်ထောက်ကာ အထာကျကျ နေတဲ့ပို့စ်ကိုလည်း Timeline လှလှလေးမှာ ထားသင့်ပါတယ်။

၆။ ထိုင်တဲ့အခါ

လမ်းပေါ်မှာ ထိုင်ပြီး ပို့စ်ပေးတဲ့အခါ ခြေထောက်နှစ်ချောင်းကို ရှေ့နောက် ယှက်ကာ ဒူးထောင်ပြီး ပုံထဲကလို ပို့စ်ပေးကြည့်နိုင်ပါတယ်။

၇။ မေးထောက်တဲ့ပို့စ်

နေရောင်ခြည်ရတဲ့ နေရာမှာ မေးထောက်ကာ ဘေးဘက် ကြည့်နေတဲ့ပို့စ်လေးက စားသောက်ဆိုင်တွေမှာ ဓာတ်ပုံရိုက်တဲ့အချိန်မှာ သင့်တော်ပါတယ်။

၈။ ဘောင်းဘီအိတ်ထဲ လက်ထည့်ထားပါ

သင်က Ootd ပုံတွေ ရိုက်ရင် လက်ကို ထွေထွေထူးထူး ထားစရာမလိုဘဲ ပို့စ်ပေးချင်ရင် ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ပြီး ဘေးဘက် ကြည့်နေတဲ့ပုံစံ ပို့စ်ပေးနိုင်ပါတယ်။

၉။ အဝေးတစ်နေရာကို ကြည့်နေတဲ့ပုံစံ

Wall လှလှလေးထဲ ပါဝင်သင့်တဲ့ ပို့စ်ကတော့ ရှုခင်းလှလှလေးနဲ့ ဒါကို ငေးကြည့်နေတဲ့ ပို့စ်ပါ။

၁၀။ မျက်လုံးမှိတ်ပြီး ပြုံးနေတဲ့ပုံစံ

မျက်လုံး မှိတ်ပြီး ပေါ့ပေါ့ပါးပါး ပြုံးနေတဲ့ ပို့စ်ကလည်း ပုံလှလှလေးတွေထဲ ပါဝင်သင့်တဲ့ ပို့စ်ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar