မိန်းကလေးတိုင်းကတော့ ဓာတ်ပုံရိုက်ရတာကို ဝါသနာပါတဲ့သူတွေချည်းပါပဲ။ ဒီလိုဓာတ်ပုံတွေရိုက်တဲ့အခါမှာ ရိုက်တာများလာရင် ဘာပို့စ်တွေပေးရမှန်း မသိတော့တာမျိုးတွေလည်း ဖြစ်ဖူးကြမှာပါ။ ဒါကြောင့် ပို့စ်ဆန်းဆန်းလေးတွေလည်း ပေးတတ်သွားအောင်၊ သူများနဲ့မတူတဲ့ပုံလေးတွေနဲ့ မိုက်နေစေမယ့် ပို့စ်ပေးနည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

သင့်ရဲ့ခွေးလေးနဲ့ဓာတ်ပုံရိုက်တော့မယ်ဆိုရင် သူများထက်ပိုချစ်စရာကောင်းနေစေဖို့ ဒီလိုပို့စ်လေးတွေပေးပြီး ရိုက်ကြည့်ပါ။

မျက်မှန်လေးနဲ့ဓာတ်ပုံရိုက်မယ်ဆိုရင်လည်း ထိုင်ခုံပေါ်မှာထိုင်ပြီး ဒီလိုလေးပို့စ်ပေးကြည့်ပါ။ သူများထက်ပိုအထာကျပြီး မိုက်နေစေမှာသေချာပါတယ်။

ကော်ဖီဆိုင်လေးတွေကို သူငယ်ချင်းတွေနဲ့သွားတာပဲဖြစ်ဖြစ်၊ ချစ်သူနဲ့သွားရင်ပဲဖြစ်ဖြစ် ထိုင်ခုံမှာထိုင်ပြီး ဒီလိုလေးပို့စ်ပေးကြည့်ပါ။ ရိုက်တဲ့သူကိုလည်း အပေါ်စီးကနေရိုက်ခိုင်းရင် ပုံထွက်ပိုမိုက်ပါတယ်။

လမ်းမမှာဓာတ်ပုံရိုက်တဲ့အခါမှာလည်း ဒီတိုင်းထိုင်ရိုက်တာထက်စာရင် သူမလိုပို့စ်ပေးပြီးထိုင်ရိုက်တာလေးက ပိုမိုက်ပြီး ပုံထွက်လည်း ပိုကောင်းစေပါတယ်။

နံရံလေးတွေမှာကပ်ပြီးတော့လည်း ဒီလိုလေးထိုင်ရိုက်ပါ။ ရိုက်ခဲ့အခါမှာလည်း ခေါင်းလေးကိုနည်းနည်းစောင်းပြီး ပို့စ်ပေးကြည့်ပါ။ သူများထက်ပိုချစ်စရာကောင်းစေပါတယ်။

ထိုင်ပြီးရိုက်ရင်လည်း ခပ်မိုက်မိုက်ဖက်ရှင်လေးတွေဝတ်ပြီး ဒီလိုလေးပို့စ်ပေးကာ ထိုင်ရိုက်ကြည့်ပါ။ ပုံထွက်အရမ်းမိုက်ပါတယ်။

သူများနဲ့မတူတဲ့ ခပ်မိုက်မိုက်ပို့စ်လေးတွေပေးချင်ရင်တော့ သူမလို ကားဘေးမှာထိုင်ပြီးသာ ခြေထောက်ဆင်းပြီးထိုင်ရိုက်လိုက်ပါ။

ကော်ဖီဆိုင်လေးတွေမှာပဲဖြစ်ဖြစ်၊ ဆိုင်တစ်ခုခုမှာပဲဖြစ်ဖြစ် ချစ်စရာကောင်းတဲ့ဖက်ရှင်လေးတွေဝတ်ပြီး ဒီလိုလေးမတ်တပ်ရပ်ကာပို့စ်ပေးကြည့်ပါ။ ချစ်စရာကောင်းပြီး ပုံထွက်လှစေပါတယ်။

ခပ်မိုက်မိုက်ဖက်ရှင်လေးတွေဝတ်ပြီး ထိုင်ခုံပေါ်မှာ ဒီလိုလေးပို့စ်ပေးကြည့်ပါ။ စတိုင်လ်ကျပြီးမိုက်နေမှာ သေချာပါတယ်။

ဆွယ်တာအင်္ကျီလေးတွေဝတ်ပြီး အောက်မှာဒီလိုလေးထိုင်ကာ ပို့စ်ပေးလို့ရပါသေးတယ်။ ချစ်စရာလည်းကောင်းသလို၊ ပို့စ်အဆန်းလေးလည်း ဖြစ်စေပါတယ်။

Photo Source: www.wyntracyy.com