ဘယ်သွားသွား ဓာတ်ပုံလေးတော့ ရိုက်လိုက်ရမှ ဆိုတဲ့ ကောင်မလေးတွေ ရှိကြလား။ ဒါဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲနော်။ ဒီတစ်ခေါက်မှာ ဈေးဝယ်ထွက်ရင်းနဲ့လည်း လူငယ်ဆန်ဆန် အထာကျတဲ့ဓာတ်ပုံလေးတွေ ရိုက်နိုင်ဖို့ ပိုစ့်ပေးနည်းအိုင်ဒီယာလေးတွေကို ဝေမျှပေးလိုက်ပါတယ်။ ကင်မရာရှေ့ရောက်မှ ဘယ်လိုနေရမလဲ မသိတာမျိုးမဖြစ်ရအောင် အောက်မှာပါတဲ့ Pose လေးတွေကို မှတ်ထားပြီး စမ်းကြည်သင့်ပါတယ်နော်။ ဒါ့အပြင် သင့်ကို ထပ်ခါထပ်ခါရိုက်ဖို့မလိုဘဲ ရိုက်လိုက်သမျှ ပုံထွက်လှစေမှာဖြစ်လို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်။

ဈေးဝယ်ထွက်ပြီဆို Supermarket တွေရဲ့ စားသောက်ကုန်ထားတဲ့အတန်းတွေက နောက်ခံထားရိုက်လို့ အလှဆုံးပါပဲနော်။ ဒါကြောင့်မို့ ဒီလိုအတန်းလေးတွေရှေ့မှာနေပြီး ကိုယ်စားချင်တဲ့မုန့်လေး ရွေးနေတဲ့ Pose မျိုးပေးကြည့်ပါ။ ရိုက်နေမှန်းမသိတဲ့ Snap ပုံစံရစေတာမို့ သဘာဝလည်းဆန်ပါတယ်။

ကိုယ့်အကြိုက်မုန့်လေးတွေကိုင်ပြီး ကင်မရာရှေ့မျက်နှာမူလိုက်ပါ။ ကလေးဆန်ပြီး ချစ်စရာကောင်းနေမယ့်ပုံစံလေးဖြစ်ပါတယ်။

ကိုယ့်ရဲ့ Outfit နဲ့အရောင်ဆင်တူတဲ့ ဈေးဝယ်ပစ္စည်းတန်းတွေရဲ့ရှေ့မှာ ရိုက်ကြည့်ပါ။ အရောင်စိုစိုလေးနဲ့ ထင်းထွက်စေမယ့်အပြင် ဝတ်ထားတဲ့ OOTD လေးလည်း ပေါ်လွင်စေမှာပါ။

အပြင်သွားတိုင်း ဘောင်းဘီရှည်လေးတွေဝတ်တတ်တဲ့သူဆိုရင် ဒီလို ခြေထောက်လေးတစ်ဖက် ရှေ့ထုတ်ထားတဲ့ Pose လေး Try ကြည့်ပါ။ ပေါ့ပေါ့ပါးပါးနဲ့ အထာကျတဲ့ပုံလေးရစေပါလိမ့်မယ်။

ခြေထောက်လေးတစ်ဖက် မြှောက်ပြီး Pose ပေးတာကလည်း လူငယ်ဆန်ပြီး ချစ်စရာကောင်းတဲ့ပုံလေးရစေမှာပါ။

ဈေးဝယ်ခြင်းလေးတွန်းရင်း ကင်မရာကိုကြည့်ပြီး ပိုစ့်ပေးနေတဲ့ပုံစံလေးကလည်း ဘယ်အချိန်ပဲရိုက်ရိုက် ချစ်စရာကောင်းပါတယ်။

မျက်နှာလေးကွယ်ပြီး Mirror Selfie ပုံစံရိုက်ချင်တဲ့သူတွေက ပစ္စည်းတန်းတွေဘေးက မှန်ရှေ့မှာ Selfie ရိုက်တာမျိုးလုပ်ကြည့်နိုင်ပါတယ်နော်။ တစ်မျိုးဆန်းပြီး အထာကျတဲ့ပုံလေးရစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar