ကင်မရာတည့်တည့်ကြည့်ပြီး Pose ပေးတာထက် ရုတ်တရက် Snap မိတဲ့ပုံစံလေးတွေ ရိုက်ရတာ ပိုကြိုက်တဲ့သူတွေရှိလား။ Snap လေးတွေက ပုံမှန်ထက် Natural ပိုဆန်သလို အကြာကြီးရိုက်ဖို့လည်း မလိုတာမို့ ကင်မရာ Shy ဖြစ်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။ ဒီတစ်ခေါက်မှာ ပျိုမေတို့အတွက် သိပ်အားစိုက်စရာမလိုဘဲ Snap ထဲမှာလည်း ကြည့်ကောင်းနေအောင် မသိမသာ Pose ပေးနည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ မျက်နှာအပြည့်မရိုက်ချင်တဲ့သူတွေနဲ့လည်း အဆင်ပြေမယ့် Pose လေးတွေဖြစ်လို့ Snap ရိုက်မယ့်သူတွေ Try ကြည့်ပါနော်။

သဘာဝဆန်တဲ့အပြုံးလေးက ဓာတ်ပုံရိုက်တိုင်းကြည့်ကောင်းနေအောင် ပံ့ပိုးပေးနိုင်ပါတယ်။ တစ်ဖက်ကိုကြည့်ပြီး ရှက်ပြုံးလေးပြုံးနေသလိုလုပ်ကြည့်ပါ။ မိန်းကလေးဆန်ပြီး ချစ်စရာကောင်းပါတယ်။

တစ်ဖက်လှည့်ပြီး ဆံပင်သပ်နေတဲ့ပုံစံလေးကလည်း Natural ဆန်ဆန်နဲ့ Snap လှလှလေးရစေပါတယ်။


ဆိုင်တစ်ဆိုင်သွားပြီး ကိုယ်ကြိုက်တဲ့ပစ္စည်းလေးတွေရွေးနေတဲ့ပုံစံ မသိမသာ Pose ပေးကြည့်ပါ။ အရောင်စုံနောက်ခံပါတဲ့ ပန်းဆိုင်၊ စာအုပ်ဆိုင်လေးတွေဆို ပိုလှပါတယ်။


ဈေးဝယ်ထွက်ရင်း ဘေးကလှမ်းရိုက်တဲ့ပုံစံလေးတွေကလည်း ထွေထွေထူးထူး Pose ပေးစရာမလိုဘဲ Snap ရိုက်လို့လှပါတယ်။


အောက်ငုံ့ပြီးရယ်နေတဲ့ပုံစံလေး Pose ပေးကြည့်ပါ။ အပြစ်ကင်းစင်ပြီးချစ်စရာကောင်းတဲ့ ပုံလေးရမှာပါ။


တစ်ခုခုကို အာရုံစိုက်လုပ်နေသလို ပုံစံလေး မသိမသာ Pose ပေးတာကလည်း Snap ရိုက်ဖို့အရမ်းလှပါတယ်နော်။ ပုံထဲကလို အလုပ်လုပ်ရင်း၊ စာလုပ်နေရင်း အဝေးကလှမ်းရိုက်ခိုင်းတာမျိုး လုပ်လို့ရပါတယ်။


ထွေထွေထူးထူး Pose ပေးဖို့မလိုအောင် ဖုန်းကြည့်နေတဲ့ပုံလေးကို လှမ်းရိုက်ခိုင်းလိုက်ပါ။ ဒီလို Snap တွေကလည်း အထာကျပါတယ်။


နောက်ထပ် Snap ရိုက်လို့လှတဲ့ ပုံစံလေးက ချစ်စရာကောင်းတဲ့ Pet လေးတွေ ထိန်းရင်း လှမ်းရိုက်လိုက်တာမျိုးပါ။ ရိုက်ရမြန်သလို သိပ်ပြင်စရာမလိုဘဲ သဘာဝဆန်တဲ့ပုံလှလှလေးရစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar