ကြောင်ချစ်တတ်တဲ့ပရိသတ်တွေက အရမ်းများမယ်လို့ထင်ပါတယ်။ ကိုယ်ချစ်တဲ့ကြောင်လေးတွေနဲ့ ဓာတ်ပုံရိုက်တဲ့အခါမှာ သူများထက်ပိုဆန်းအောင်၊ ပိုပြီးချစ်စရာကောင်းနေအောင် ရိုက်လို့ရပါတယ်။ ဒါကြောင့် သင်ချစ်တဲ့ကြောင်လေးတွေနဲ့ ဓာတ်ပုံရိုက်တဲ့အခါမှာ ချစ်စရာကောင်းနေစေမယ့် ပို့စ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ကိုယ်ချစ်တဲ့ကိုယ့်ရဲ့ကြောင်လေးတွေနဲ့ဓာတ်ပုံရိုက်ရင် သူတို့လေးတွေကိုချီပြီး အောက်ငုံ့ကာ ပြုံးနေတဲ့ပုံလေးတွေရိုက်ကြည့်ပါ။ ဒီလိုပုံလေးတွေက ကိုယ့်ရဲ့ကြောင်လေးကို အရမ်းချစ်မြတ်နိုးတဲ့ပုံ ပေါ်လွင်စေပါတယ်။

ကိုယ့်ကြောင်က အရမ်းမကြီးတဲ့ပိစိလေးတွေဆိုရင်တော့ ပေါင်ပေါ်တင်ထားပြီး ခပ်မိုက်မိုက်လေးထိုင်ကာ Mirror Selfie ဆွဲလို့ရပါသေးတယ်။ ဒီလိုပုံလေးကတော့ သိပ်ရိုက်တဲ့သူလည်းမရှိသလို အရမ်းလည်းမိုက်ပါတယ်။

သင့်ရဲ့ကြောင်လေးနဲ့အတူ ချစ်စရာကောင်းတဲ့ပုံစံလေးတွေ ဆင်တူလုပ်ရိုက်ကြည့်ပါ။ သူဟိုဘက်ကြည့်နေတဲ့အချိန်ဆို ကိုယ်လည်းလိုက်ကြည့်ပြီး ရိုက်ကြည့်ပါ။ အရမ်းချစ်စရာကောင်းပါတယ်။

ကြောင်လေးကိုချီပြီး နောက်ကျောအသားပေးပုံလေးတွေရိုက်ကြည့်ပါ။ သူများထက်လည်းထူးခြားသလို အရမ်းလည်းချစ်စရာကောင်းစေပါတယ်။

သင့်ရဲ့ကြောင်လေးကို လက်ကနေကိုင်မြှောက်ပြီး ချီထားတဲ့ပုံလေးတွေလည်း ရိုက်ကြည့်ပါ။ အရမ်းမိုက်ပါတယ်။

သင်အလုပ်လုပ်နေတဲ့အခါမှာပဲဖြစ်ဖြစ်၊ ကွန်ပြူတာသုံးနေတဲ့အခါ သူတို့လေးတွေကိုလည်း ပေါင်ပေါ်တင်ထားပြီး ဓာတ်ပုံရိုက်ကြည့်ပါ။ အရမ်းချစ်စရာကောင်းပါတယ်။

နောက်ထပ်ပို့စ်ပေးနည်းလေးတွေကတော့ အောက်ပါအတိုင်းပါပဲ။

Photo Source: www.pinterest.com