ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ မိန်းကလေးတွေအတွက် ဒီတစ်ခါမှာတော့ ကင်မရာမကြည့်ပဲ ပုံလှလှလေးရအောင် ရိုက်လို့ရမယ့် ပို့စ်ပေးနည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ခုံမှာထိုင်ရိုက်တဲ့အခါ ခြေထောက်လေးချိတ်ပြီး အောက်ငုံ့ကြည့်နေတဲ့ပုံလေးကို ဒီလိုလေးပို့စ်ပေးရိုက်ကြည့်နော်။

အနီးကပ်ပုံလေး ရိုက်မယ်ဆိုရင်တော့ ဒီလိုဆံပင်သပ်နေတဲ့ပုံလေး ရိုက်ကြည့်ပါ။ ပုံလှလှလေး ထွက်လာပါလိမ့်မယ်။

ကင်မရာလည်းမကြည့်ချင်ဘူး၊ မျက်နှာလည်း သိပ်မပေါ်ချင်ဘူးဆိုရင် ဒီပို့စ်လေးကို Try ကြည့်နော်။

မိန်းကလေးဆန်ဆန် လှလှလေးဝတ်ထားတဲ့အခါ၊ ဒေါက်ဖိနပ်လည်းစီးထားတယ်ဆိုရင် ဒီပို့စ်လေးရိုက်ကြည့်ပါ။ ကင်မရာမကြည့်လည်း အရမ်းလှပါတယ်။

ပို့စ်ခက်ခက်ခဲခဲတွေ မလုပ်ချင်တဲ့သူတွေအတွက် လှပပြီး ချစ်ဖို့လည်းကောင်းတဲ့ ကင်မရာလည်း ကြည့်စရာမလိုတဲ့ ပို့စ်ပေးနည်းလေးပါ။

မှီစရာနေရာလေးရှိရင် ဒီလိုပုံလေးရိုက်ကြည့်နော်။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ကော်ဖီဘူး၊ အအေးဘူးလေးတွေကို ကိုင်ပြီးရိုက်မယ်ဆိုရင်တော့ ဒီပုံလေးအတိုင်း ပို့စ်ပေးကြည့်နော်။

ငုတ်တုတ်ထိုင်ပြီး ဒီလိုလေးလည်း ရိုက်လို့ရပါသေးတယ်။ လှပပြီး ချစ်ဖို့ကောင်းတဲ့ပုံလေး ထွက်လာပါလိမ့်မယ်။

Picnic ထွက်သလိုပုံလေးတွေ ရိုက်တဲ့အခါမှာလည်း ကင်မရာမကြည့်ချင်ရင် ဒီလိုပုံလေးရိုက်ကြည့်ပါ။ အရမ်းလှပါတယ်။

Snap ပုံစံလေးနဲ့တူအောင် ဒီလိုလေးပို့စ်ပေးရိုက်ကြည့်ပါ။ လှပတဲ့ပုံကောင်းလေး ရလာမှာ သေချာပါတယ်။