ရာသီဥတုပူတဲ့နေ့တွေမှာ ဓာတ်ပုံရိုက်ဖြစ်တဲ့အခါ ပုံလှလှလေးရဖို့ ဘယ်လိုပို့စ်တွေပေးပြီး ရိုက်သင့်လဲဆိုတာကို ပြောပြပေးရင်းနဲ့ ပို့စ်ပေးနည်းလေးတွေကိုပါ မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါမှာ အရမ်းအသုံးဝင်မှာ သေချာပါတယ်။

ဂါဝန်လေးတွေဝတ်ပြီး ရိုက်ဖြစ်တဲ့အခါမှာဆိုရင် ဒီလိုလေး ပို့စ်ပေးကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ရေကူးကန်မှာ ဓာတ်ပုံရိုက်တဲ့အခါမှာတော့ ဒီပို့စ်လေးက အသုံးဝင်ပါလိမ့်မယ်။

နေပူတဲ့အချိန် Glow အောင်ရိုက်ချင်ရင် ဒီလိုလေးရိုက်ကြည့်နော်။ လှလည်းလှသလို Skin လေးလည်း Glow နေပါလိမ့်မယ်။

ရာသီဥတုပူတဲ့အချိန်အခါနဲ့ Match ဖြစ်နေစေမယ့် ချစ်ဖို့ကောင်းတဲ့ ပို့စ်ပေးနည်းလေးပါ။

အနောက်မှာ အပင်လေးတွေရှိရင် ဂါဝန်လေးတွေဝတ်ပြီး ရိုက်တဲ့အခါ ဒီပို့စ်လေးအတိုင်း ရိုက်ကြည့်နော်။

ခြံဝင်းထဲက ကော်ဖီဆိုင်အပြင်လေးတွေမှာ ထိုင်ရိုက်တဲ့အခါ အသုံးဝင်စေမယ့် ပို့စ်ပေးနည်းလေးပါ။ ဓာတ်ပုံရိုက်ရင် လက်ဘယ်နားထားရမှန်းမသိတဲ့သူတွေအတွက် လက်ထားပုံထားနည်းလေးလည်း ပါတယ်နော်။

ရာသီဥတုပူတဲ့နေ့တွေနဲ့ အလိုက်ဖက်ဆုံးသော ဓာတ်ပုံရိုက်နည်းလေးပါ။ ပို့စ်ကအစ အရမ်း Match ဖြစ်နေစေပါတယ်။

ဒီပို့စ်လေးဆိုရင် ချစ်ဖို့ကောင်းသလို ခန္ဓာကိုယ်အနေအထား ပို့စ်ပေးထားတာလေးကလည်း လှပါတယ်။

ရာသီဥတုပူတဲ့နေ့တွေ နွေရာသီအတွက် အရမ်းလိုက်ဖက်တဲ့ ပို့စ်လေးနဲ့ ဖက်ရှင်လေးပါ။

ပန်းပင်အနိမ့်လေးဖြစ်နေရင်တော့ အောက်မှာထိုင်ပြီး ရိုက်တဲ့သူက အပေါ်စီးကနေ ရိုက်ကြည့်ပါ။ ဒီလိုလေးပို့စ်ပေးရင်တော့ ချစ်ဖို့ကောင်းနေမှာ သေချာပါတယ်။