နောက်ပိုင်းမှာ ဓာတ်လှေကားမှာ ဓာတ်ပုံရိုက်တာလေးတွေက ပိုပြီးခေတ်စားလာပါတယ်။ ဒါကြောင့် ဓာတ်ပုံရိုက်ရတာ ဝါသနာပါလို့ ဓာတ်လှေကားမှာ ဓာတ်ပုံရိုက်ဖြစ်တဲ့အခါ အသုံးဝင်စေမယ့် ပို့စ်အိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။

ဓာတ်လှေကားထဲက မှန်က ကိုယ်လုံးပေါ်ဆိုရင် ဒီလိုလေးရိုက်ကြည့်နော်။ ကိုယ်ဝတ်ထားတဲ့ဖက်ရှင်ကို ပေါ်လွင်စေပြီး ချစ်ဖို့လည်းကောင်းပါတယ်။

နောက်တစ်မျိုးအနေနဲ့ ဝတ်ထားတဲ့ဖက်ရှင်လေးလည်း ပေါ်လွင်ပြီး ချစ်ဖို့လည်းကောင်းအောင်၊ အခုနောက်ပိုင်းခေတ်စားနေတဲ့ ပို့စ်လေးလည်းဖြစ်တဲ့ ဒီပို့စ်လေးအတိုင်း ရိုက်ကြည့်နော်။

ဒီပို့စ်လေးဆိုရင် အထာကျပြီးမိုက်ပါတယ်။ ဓာတ်လှေကားထဲမှာရိုက်တဲ့အခါ ခေတ်စားတဲ့ပို့စ်မျိုးပါပဲ။

ဓာတ်လှေကားအပြင်မှာ ရိုက်တယ်ဆိုရင် ခြေထောက်ပုံစံကို ဒီလိုလေးထားပြီး ရိုက်ကြည့်နော်။ ဖက်ရှင်ကျပြီးမိုက်သလို စတိုင်လ်လည်းကျပြီး လှပါတယ်။

အထာကျပြီးမိုက်တဲ့ ဖက်ရှင်လေးတွေနဲ့ဆိုရင် မိုက်တဲ့ပို့စ်လေးဖြစ်ပြီး ရိုးရှင်းတဲ့ဖက်ရှင်လေးနဲ့ဆိုလည်း လှနေမှာပါ။

Photoshoot ရိုက်တဲ့အခါ ဒီလိုအထာကျကျလေးလည်း ရိုက်လို့ရသေးတယ်နော်။

ဓာတ်လှေကားကျယ်ရင် ဒီလိုလေးရိုက်ကြည့်နော်။ ကိုယ်ဝတ်ထားတဲ့ဖက်ရှင်ကို ပေါ်လွင်စေပြီး မိုက်လည်းမိုက်ပါတယ်။

ဓာတ်လှေကားထဲမှာ Mirror Selfie ရိုက်တဲ့အခါ ဆံပင်စည်းထားရင် ဆံပင်ကို ဒီလိုလေးမြှောက်ကိုင်ပြီး ရိုက်ကြည့်ပါ။

ဓာတ်လှေကားထဲမှာ ငုတ်တုတ်ထိုင်ပြီးရိုက်တဲ့ ဒီလိုပို့စ်လေးတွေကလည်း ဓာတ်လှေကားထဲမှာရိုက်ရင် တော်တော်များများလုပ်လေ့ရှိတဲ့ ပို့စ်လေးပါပဲ။

နောက်တစ်မျိုးအနေနဲ့ ဓာတ်လှေကားထဲမှာ ဒီလိုလေးလည်း ပို့စ်ပေးလို့ရတယ်နော်။

ဒါကတော့ ဓာတ်လှေကားထဲမှာ Mirror Selfie ရိုက်မယ့်သူတွေအတွက် အသုံးဝင်စေမယ့် ပို့စ်လေးပါ။

Photo source:www.pinterest.com