ဓာတ်ပုံရိုက်တဲ့အခါမှာ ကင်မရာကိုမကြည့်ချင်တဲ့အခါမျိုး ရှိကြမှာပေါ့။ ကင်မရာမကြည့်ပဲနဲ့လည်း ပို့စ်လှလှလေးတွေလုပ်ပြီး ဓာတ်ပုံရိုက်လို့ရပါတယ်။ အဓိကက ပို့စ်ပေးတတ်ဖို့ပါပဲ။ ဒါကြောင့် ကင်မရာကိုမကြည့်ပဲ ပို့စ်ပေးတဲ့အခါမှာ ချစ်ဖို့ကောင်းပြီးလှနေစေမယ့် ပို့စ်အိုင်ဒီယာတချို့ကို မျှဝေပေးလိုက်ပါတယ်။

ဒါလေးကတော့ ကမ်းခြေသွားတဲ့အခါမှာ ဓာတ်ပုံရိုက်ရင် ကင်မရာကိုမကြည့်ပဲရိုက်လို့ရမယ့် ပို့စ်ပေးနည်းလေးပါ။ နေကာမျက်မှန်ပါတယ်ဆိုရင် ဒီလိုလေးသာရိုက်လိုက်နော်။

ဂါဝန်တို၊ စကပ်တိုလေးတွေ ဝတ်ထားတယ်ဆိုရင် ဒီလိုချစ်စရာကောင်းတဲ့ပုံစံလေး ပို့စ်ပေးပြီး ရိုက်ကြည့်နော်။

ကမ်းခြေမှာဓာတ်ပုံရိုက်မယ့်သူတွေအတွက် နောက်ထပ် ကင်မရာကိုမကြည့်တဲ့ ပို့စ်ပေးနည်းလေးပါ။ အရမ်းလှပြီး ချစ်ဖို့လည်းကောင်းပါတယ်။

တစ်နေရာရာမှာ ထိုင်ပြီးရိုက်ရင် ကင်မရာကိုမကြည့်ပဲ တစ်ခြားတစ်ဖက်ကို ကြည့်နေတဲ့ပုံလေး ဒီလိုရိုက်ကြည့်ပါ။ လက်ကိုဘယ်နားထားရမှန်း မသိတဲ့သူတွေအတွက် ပုံထဲကအတိုင်းလေးသာ လုပ်ကြည့်လိုက်နော်။

ငုတ်တုတ်လေးထိုင်ပြီး ရိုက်တဲ့အခါမှာ မိန်းကလေးဆန်ပြီး လှပနေစေမယ့် ပို့စ်လေးပါ။ ကင်မရာကိုကြည့်ပြီး ပြုံးနေတဲ့ပုံလေးရိုက်လည်း အရမ်းလှသလို ကင်မရာမကြည့်ပဲ ဒီလိုလေးရိုက်လည်း လှတာပါပဲ။

ဒီပုံလေးကတော့ ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းတဲ့ ပို့စ်ပေးနည်းလေးပါ။ ကင်မရာကိုမကြည့်လည်း လှတာပဲနော်။

ကင်မရာမကြည့်ပဲရိုက်မယ့် ကောင်မလေးတွေအတွက် ဒီလိုနေကာတဲ့ပို့စ်လေးကလည်း လှတာကြောင့် မပါမဖြစ်ပါပဲ။

ပိုက်ဆံအိတ်ကို လက်နှစ်ဖက်နဲ့ ဒီလိုလေးကိုင်ပြီး ဘေးတစ်ဖက်ကိုကြည့်ကာ ပြုံးနေတဲ့ပုံလေးရိုက်ကြည့်ပါ။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

ခြေထောက်လေးချိတ်ပြီးထိုင်တဲ့အခါ ကင်မရာမကြည့်ပဲ ရိုက်မယ်ဆိုရင် ဒီပို့စ်လေးက အရမ်းလှပါတယ်။

ကင်မရာမကြည့်ပဲရိုက်မယ့် ကောင်မလေးတွေအတွက် လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းနေစေမယ့် ပို့စ်ပေးနည်းလေးပဲ ဖြစ်ပါတယ်။

ဆိုဖာပေါ်မှာမထိုင်ပဲနဲ့ ဒီလိုလေးလည်း ပို့စ်ပေးရိုက်ကြည့်ပါ။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။ ဒီပို့စ်လေးကတော့ ကင်မရာမကြည့်ပဲရိုက်တာက ပိုလှပါတယ်။