ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့သူတွေနဲ့ ပို့စ်သိပ်မပေးတတ်တဲ့သူတွေအတွက် ဓာတ်ပုံရိုက်တဲ့အခါမှာ တည်ငြိမ်ပြီးလှပနေစေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီပို့စ်ပေးနည်းလေးတွေက အသက် ၃၀ ကျော်၊ ၄၀ ကျော်တွေအတွက်လည်း အဆင်ပြေတဲ့ ပို့စ်လေးတွေဖြစ်ပါတယ်။

ခုံမှာဒီလိုလေးထိုင်ပြီး တစ်ဖက်ကိုကြည့်နေတဲ့ပုံစံ ပို့စ်ပေးကြည့်ပါ။ တည်ငြိမ်ပြီးလှပတဲ့ ပုံစံလေးနဲ့ ပို့စ်ပေးရတာလည်း လွယ်ကူပါတယ်။

ပိုက်ဆံအိတ်ကို လက်မှာချိတ်ရတာ၊ လွယ်ရတာ ရိုးလာပြီဆိုရင် ဒီလိုလေးလက်မှာကိုင်ထားပြီး ပို့စ်ပေးကြည့်ပါ။

ဓာတ်ပုံရိုက်ရင် လက်ကိုဘယ်နားထားရမှန်းမသိတဲ့သူတွေအတွက် တည်ငြိမ်ပြီးလှတဲ့ ပို့စ်ပေးနည်းလေးပါ။ ပိုက်ဆံအိတ်လွယ်ထားရုံနဲ့ ရိုက်နိုင်တဲ့ပို့စ်လေးပဲ ဖြစ်ပါတယ်။

မိန်းကလေးဆန်တဲ့ ဖက်ရှင်လေးတွေ ဝတ်ထားတဲ့အခါမှာတော့ လက်မှာ ပိုက်ဆံအိတ်လေးချိတ်ပြီးတော့ ဒီလိုပို့စ်ပေးကြည့်ပါ။ အရမ်းလှပါတယ်။

ပို့စ်သိပ်မပေးတတ်တဲ့သူတွေအတွက်တောင် အဆင်ပြေတဲ့ ပို့စ်ပေးနည်းလေးပါ။ ရိုးရိုးလေးနဲ့ တည်ငြိမ်ပြီးလှပါတယ်။

ဆိုင်တွေမှာထိုင်ရိုက်တဲ့အခါမှာတော့ ဒီပို့စ်လေးက တည်ငြိမ်ပြီးလှပတဲ့ပို့စ်လေးပါ။ ကင်မရာမကြည့်ချင်တဲ့အခါ ဒီပို့စ်လေးအတိုင်း ရိုက်ကြည့်နော်။

တစ်နေရာရာမှာ ထိုင်ရိုက်တဲ့အခါ အသုံးဝင်မယ့် ပို့စ်လေးပါ။ ရိုးရှင်းပြီး တည်ငြိမ်တဲ့ look လေးရစေပါတယ်။

ကင်မရာမကြည့်ချင်တဲ့အခါမှာတော့ ဒီလိုလေးအောက်ငုံ့ပြီး ပြုံးနေတဲ့ပုံလေး ရိုက်ကြည့်ပါ။ ခြေထောက်လေးချိတ်ပြီးထိုင်ရင်တော့ ပိုလှတာပေါ့။

 

ထိုင်ခုံမှာထိုင်ရိုက်တဲ့အခါ အသုံးဝင်စေမယ့်ပို့စ် နောက်တစ်မျိုးပါ။ ရှင်းရှင်းလေးနဲ့ တည်ငြိမ်ပြီးလှတဲ့ ပုံလေးရလာမှာပါ။

ဓာတ်ပုံရိုက်ရင် လက်ဘယ်နားထားရမှန်းမသိတဲ့သူတွေအတွက် ဘောင်းဘီအိတ်ကပ်ရှိရင် လက်ထည့်ထားပြီး နောက်လက်တစ်ဖက်က ဒီလိုလေးဖုန်းကိုကိုင်ထားပြီး ပို့စ်ပေးလိုက်ရုံပဲနော်။

ဆိုင်တွေမှာထိုင်ရိုက်တဲ့အခါ တည်ငြိမ်ပြီး လှပကြော့ရှင်းနေစေမယ့် ပို့စ်ပေးနည်းလေးပဲ ဖြစ်ပါတယ်။ အရမ်းလည်းလွယ်ကူတဲ့ပို့စ်လေးပါ။

ဆိုဖာတွေမှာထိုင်ရိုက်တဲ့အခါ အသုံးဝင်စေမယ့် ရိုးရိုးပို့စ်လေးပါ။ လှလည်းလှတာကြောင့် try ကြည့်နော်။

ကော်ဖီခွက်လေးကိုင်ပြီးတော့ ဒီလိုလေးလည်းရိုက်လို့ရပါသေးတယ်။ သေချာလေးပြုံးပြီးရိုက်မယ်ဆိုရင် လှပတဲ့ပုံကောင်းလေးရလာမှာပါ။