ကောင်မလေးတွေအတွက် ဓာတ်ပုံရိုက်တဲ့အခါမှာ အရမ်းလှတဲ့ပုံလေး ရစေဖို့ ကူညီပေးမယ့် pose idea လေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်ရင် တကူးတက pose စဉ်းစားနေစရာမလိုအောင် ဒီ pose လေးတွေအတိုင်းသာ ရိုက်ကြည့်လိုက်တော့နော်။

ဒီ pose လေးဆိုရင် ကမ်းခြေမှာထိုင်ရိုက်ရင်ပဲဖြစ်ဖြစ် တစ်နေရာရာမှာ ထိုင်ရိုက်ရင်ပဲဖြစ်ဖြစ် အသုံးဝင်ပါတယ်။ အရမ်းလှတဲ့ပုံလေးရရှိစေမှာ သေချာပါတယ်။

လှေကားတွေမှာထိုင်ရိုက်တဲ့အခါ ဒီ pose လေးက pose ပေးရလွယ်ကူသလို ချစ်ဖို့လည်းကောင်း၊ လှလည်းလှပါတယ်။

ခုံတန်းမှာထိုင်ရိုက်တဲ့အခါ ဒီ pose လေးအတိုင်း pose ပေးကြည့်ပါ။ လှပတဲ့ပုံကောင်းလေး ရလာပါလိမ့်မယ်။

မျက်နှာသိပ်မပေါ်ချင်တဲ့အခါ ခုံတန်းမှာထိုင်ရိုက်ရင် ဒီ pose လေးအတိုင်း ရိုက်ကြည့်ပါ။ မျက်နှာသိပ်မမြင်ရတာတောင်မှ pose အနေအထားကြောင့် လှပတဲ့ပုံကောင်းလေး ရရှိစေပါတယ်။

ဒီ pose လေးကတော့ သင့်ကို အရပ်ရှည်ပြီး body ပိုကြီးသလို ဖြစ်သွားစေမှာပါ။ လှလည်းလှတဲ့ pose idea လေးပါ။

ဒီ pose ဆိုရင် ရိုးရိုးလေးပါပဲ။ Pose ပေးရတာလည်း လွယ်ကူပါတယ်။ လွယ်ကူသလောက် ချစ်ဖို့လည်းကောင်း၊ လှလည်းလှတဲ့ပုံလေး ရရှိစေမှာပါ။

လူငယ်ဆန်ပြီးလှပတဲ့ပုံလေး ရဖို့ဆိုရင်တော့ ဒီ pose လေးအတိုင်းသာ ရိုက်ကြည့်လိုက်တော့နော်။

ခရီးထွက်တဲ့အခါ အခန်းထဲမှာ ဒီလို pose လေးရိုက်ကြည့်ပါ။ အရမ်းလှတဲ့ပုံကောင်းလေး ရလာပါလိမ့်မယ်။

Pose အနေအထား၊ မျက်နှာအနေအထားကအစ ဒီပုံလေးအတိုင်း လိုက်လုပ်ကြည့်ပါ။ အရမ်းလှပြီး ဆွဲဆောင်မှုရှိတဲ့ပုံလေး ရလာမှာ သေချာပါတယ်။

ဒီ pose လေးမှာတော့ လက်ထဲမှာ ကင်မရာကိုင်စရာမရှိရင် ဖုန်းပဲဖြစ်ဖြစ်၊ မုန့်ပဲဖြစ်ဖြစ်၊ ကော်ဖီခွက်ပဲဖြစ်ဖြစ် ကိုင်ပြီးတော့ ရိုက်ကြည့်ပါ။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းတဲ့ pose idea လေးပါပဲ။