ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ solo ရိုက်တဲ့ ပို့စ်ပေးနည်းတွေမဟုတ်ပဲ သူငယ်ချင်းနှစ်ယောက် (သို့) ညီအစ်မနှစ်ယောက် အတူတူဓာတ်ပုံရိုက်တဲ့အခါမှာ အသုံးဝင်စေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ အမြဲတမ်း နှစ်ယောက်တူတူ camera ကို ဒီတိုင်းကြည့်ပြီးရိုက်တဲ့ပို့စ်တွေ၊ camera ကြည့်ပြုံးပြီး ရိုက်တာတွေ ရိုးလာပြီဆိုရင် ဒီပို့စ်လေးတွေကို ပြောင်းရိုက်ကြည့်နော်။
ပထမဆုံးအနေနဲ့ ပို့စ်မပေးတတ်တဲ့သူတွေအတွက် လွယ်ကူတဲ့ ပို့စ်ပေးနည်းလေးကို မျှဝေပေးလိုက်ပါတယ်။
တစ်ယောက်ယောက်ရဲ့မွေးနေ့မှာ တူတူရိုက်လို့ရမယ့် ပို့စ်ပေးနည်းလေးပဲ ဖြစ်ပါတယ်။
ချစ်ဖို့ကောင်းအောင် ဒီလိုလေးရိုက်လို့ရတယ်နော်။
အတူတူထိုင်ပြီး အနီးကပ်ပုံလေးတွေရိုက်မယ်ဆိုရင်တော့ ချစ်ဖို့ကောင်းအောင် ဒီလိုလေးတွေ ပို့စ်ပေးကြည့်ပါ။
Mirror selfie ရိုက်တဲ့အခါ သူများနဲ့မတူအောင် ဒီလိုလေးရိုက်ကြည့်နော်။ ဖုန်းကိုင်ထားတဲ့လက်က အသည်းပုံလေးလုပ်ထားတာက အသက်ပါပဲ။
အိမ်မှာ အတူတူစားသောက်ရင်းနဲ့ ဒီလိုလေးပို့စ်ပေးရိုက်ကြည့်ပါ။ အမြင်တစ်မျိုးလေးဆန်းပြီး အမှတ်တရဖြစ်စေပါတယ်။
ကမ်းခြေမှာပဲဖြစ်ဖြစ် picnic ထွက်တဲ့ပုံလေးတွေ ရိုက်တဲ့အခါမှာပဲဖြစ်ဖြစ် အသုံးဝင်စေမယ့် ပို့စ်ပေးနည်းလေးတွေပါ။
ကမ်းခြေသွားတဲ့အခါ အလှအပပို့စ်တွေ သိပ်မရိုက်ချင်ရင် freestyle ပုံစံ ဒီလိုလေးရိုက်ကြည့်နော်။
နှစ်ယောက်ပို့စ်တူတူမလုပ်ပဲ တစ်ယောက်တစ်မျိုးစီ style မတူအောင် ဒီလိုလေးလည်း ရိုက်ကြည့်နော်။ ချစ်ဖို့ကောင်းပါတယ်။
နောက်ထပ်ချစ်ဖို့ကောင်းတဲ့ ပို့စ်ပေးနည်းလေးပါ။ သူများနဲ့မတူတဲ့ ပုံစံလေးတွေ ရိုက်ချင်ရင် ဒီပို့စ်လေးကို ရိုက်ကြည့်နော်။
Photo source:www.pinterest.com