ဓာတ်ပုံရိုက်တဲ့အခါ ကိုယ်ရိုက်မယ့်နေရာ Background က နံရံဖြစ်နေတယ်ဆိုရင်တော့ pose တွေကို ခက်ခက်ခဲခဲ စဉ်းစားနေစရာမလိုအောင် ဒီ pose idea လေးတွေကို အသုံးချပြီး ရိုက်ကြည့်ပါ။ လှပတဲ့ပုံလေးတွေ ရလာမှာသေချာပါတယ်။

Pose သိပ်မပေးတတ်တဲ့ ကောင်မလေးတွေဆိုရင် နံရံမှာကပ်ပြီး လက်တစ်ဖက်ကို အနောက်မှာထားကာ ဆံပင်ကိုကိုင်နေတဲ့ပုံလေး ရိုက်ကြည့်ပါ။ ခြေထောက်ကို တစ်ဖက်ရှေ့ထုတ်ထားမှ ပုံထဲမှာ ပိုလှမှာပါ။

ဒီ pose လေးကတော့ pose သိပ်မလုပ်တတ်တဲ့သူတွေအတွက်တောင် အဆင်ပြေတဲ့ pose လေးပဲဖြစ်ပါတယ်။

မျက်နှာသိပ်မပေါ်ချင်တဲ့အခါမှာတော့ ဒီ pose လေးအတိုင်း ရိုက်ကြည့်ပါ။ Fashion ကျလှပနေတဲ့ look မျိုး ရစေပါတယ်။

မိန်းကလေးဆန်ဆန်နဲ့ လှပကြော့ရှင်းနေတဲ့ပုံစံလေး ရိုက်ချင်တယ်ဆိုရင်တော့ ဒီ pose လေးအတိုင်းသာ ရိုက်ကြည့်လိုက်နော်။

နောက်တစ်မျိုးအနေနဲ့ ဒီ pose လေးအတိုင်းလည်း ထပ်ရိုက်ကြည့်ပါ။ ဆံပင်ကို လှလှပပလေးပြင်ဆင်ပြီး ရိုက်မယ်ဆိုရင်တော့ ပိုလှတဲ့ပုံလေး ရလာမှာသေချာပါတယ်။

မိတ်ကပ်တွေသေချာပြင်ဆင်ပြီး မိတ်ကပ်ပြင်ထားတာ ပေါ်လွင်အောင်လို့ ရိုက်မယ်ဆိုရင်တော့ ဒီ pose လေးအတိုင်းသာ ရိုက်ကြည့်ပါ။ နောက်ခံ background က နံရံဗြောင်ဖြစ်နေမှလည်း ရှင်းရှင်းလေးနဲ့ ထင်းပြီးပိုလှမှာပါ။

 

ဒီ pose လေးဆိုရင်လည်း လွယ်ကူတဲ့ pose ပါပဲ။ ဒါပေမယ့် နံရံကို background ထားပြီးရိုက်မယ်ဆိုရင် အရမ်းသုံးဝင်တဲ့ pose လေးပါ။

 

အထာကျကျလေးနဲ့မိုက်တဲ့ပုံစံလေး ရိုက်ချင်တယ်ဆိုရင်တော့ ဒီ pose လေးအတိုင်းသာ ရိုက်ကြည့်ပါ။ အင်္ကျီကြော်ငြာတွေ ရိုက်မယ်ဆိုရင်လည်း အရမ်းအဆင်ပြေတဲ့ pose လေးပါ။

လူငယ်ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းနေစေမယ့် pose လေးပဲဖြစ်ပါတယ်။ နောက်ခံ background က နံရံဖြစ်နေရင် ဒီ pose လေးအတိုင်း ရိုက်ကြည့်နော်။

နောက်ခံ background ကို နံရံထားပြီး cute type တစ်ကိုယ်လုံးပုံလေးတွေ ရိုက်ချင်တယ်ဆိုရင်တော့ ဒီ pose လေးတွေအတိုင်းသာ ရိုက်ကြည့်လိုက်ပါ။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတဲ့ပုံလေးတွေ ရလာပါလိမ့်မယ်။