Christmas ရောက်တော့မယ်ဆိုရင် Christmas Tree တွေနဲ့ဓာတ်ပုံရိုက်ကြတဲ့အချိန် ရောက်လာသလိုပါပဲ။ Christmas Tree နဲ့က တစ်နှစ်မှာ တစ်လပဲရိုက်ရတာပါ။ ဒါကြောင့် ဓာတ်ပုံလှလှလေးလိုချင်တဲ့ မိန်းကလေးတွေအတွက် Christmas Tree နဲ့ဓာတ်ပုံရိုက်တဲ့အခါမှာ အသုံးဝင်စေမယ့် Pose Idea တွေကို မျှဝေပေးလိုက်ပါတယ်။

Christmas Tree နဲ့ နောက်ကျောပုံလေးတွေရိုက်တာက အရမ်းလှပါတယ်။ မျက်နှာမပြချင်တဲ့အခါ ဒီလိုပုံလေးတွေကို မဖြစ်မနေ ရိုက်ကြည့်နော်။

Christmas Tree ရှေ့မှာ ထိုင်ရိုက်မယ်ဆိုရင် ရိုးရိုးငုတ်တုတ်ထိုင်တာမျိုးမဟုတ်ပဲ ဒီလိုလေးထိုင်ရိုက်ကြည့်ပါ။ ဆွဲဆောင်မှုရှိပြီးလှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

Christmas Tree ဘေးမှာ ထိုင်စရာနေရာလေးရှိရင်တော့ လှလှပပလေး ဒီလိုထိုင်ရိုက်လို့ရတယ်နော်။ ကင်မရာကိုမကြည့်ပဲ အောက်ငုံ့နေတဲ့ပုံလေး Pose ပေးကြည့်ပါ။ ခြေထောက်ထားတဲ့ပုံစံလေးက အသက်ပါပဲ။

Christmas Tree ဘေးမှာ ထိုင်စရာခုံမရှိလည်း အောက်မှာ ဒီလိုလေးထိုင်ရိုက်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းတဲ့ပုံလေး ရလာပါလိမ့်မယ်။

Christmas Tree အကြီးကြီးတွေနဲ့ အနီးကပ်ပုံလေးတွေရိုက်မယ်ဆိုရင် ဒီ Pose လေးက ချစ်ဖို့ကောင်းပါတယ်။

တစ်ကိုယ်လုံးပုံလေးရိုက်မယ်ဆိုရင်တော့ Christmas Tree ဘေးမှာရပ်ပြီး ခါးလေးနည်းနည်းကုန်းကာ လက်နောက်ပစ်ပြီး ရယ်ပြီးပဲဖြစ်ဖြစ် ပြုံးပြီးပဲဖြစ်ဖြစ် ကင်မရာကိုကြည့်ပြီး Pose ပေးကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။

Christmas Tree အကြီးနဲ့ အနီးကပ်ပုံလေးတွေရိုက်မယ်ဆိုရင် နောက်ထပ် ဒီလိုလေးတွေလည်း Pose ပေးလို့ရပါသေးတယ်။ ပုံလှလှလေးတွေ ရလာပါလိမ့်မယ်။

Christmas Tree နှစ်ခုကြားမှာ ရိုက်မယ်ဆိုရင်တော့ ဒီ Pose လေးအတိုင်းသာ ရိုက်ကြည့်ပါ။ ချစ်ဖို့ကောင်းတဲ့ပုံလေး ရလာပါလိမ့်မယ်။

အနီးကပ်ဆိုရင် ဒီလိုလေး Pose ပေးရိုက်ပါ။ ပုံလှလှလေးရလာမှာ သေချာပါတယ်။

Christmas Tree အကြီးကြီးတွေကို အကုန်ပါအောင် ရိုက်ချင်တယ်ဆိုရင်တော့ အဝေးကနေ ဒီလိုနောက်ကျောပုံလေးကို တစ်ကိုယ်လုံးပါအောင် ရိုက်ကြည့်ပါ။ ပိုလှပါတယ်။

ပွဲတက်ဖက်ရှင်လေးတွေ၊ ဂါဝန်လေးတွေ လှလှလေးဝတ်ထားတယ်ဆိုရင် Christmas Tree နဲ့ ဒီလိုလေး Pose ပေးရိုက်ကြည့်နော်။ လှပတဲ့ပုံကောင်းလေး ရလာပါလိမ့်မယ်။

Photo source:www.pinterest.com