နေကာမျက်မှန်တပ်တဲ့ ဖက်ရှင်လေးတွေကလည်း အခုနောက်ပိုင်းမှာ ပိုပြီးတော့ ခေတ်စားလာပါတယ်။ ဒါကြောင့် မိန်းကလေးအတွက် နေကာမျက်မှန်လေးတွေတပ်ပြီး ဓာတ်ပုံရိုက်တဲ့အခါမှာ အသုံးဝင်စေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

ခုံမှာထိုင်ပြီးရိုက်တဲ့အခါ ကင်မရာကိုမကြည့်ချင်ရင် ဒီလိုလေးဘေးတစ်စောင်း အနေအထားနဲ့ မျက်မှန်တပ်ရိုက်ပါ။ မျက်နှာထားကို တည်ထားရင် ပိုမိုက်ပါတယ်။

ကားပေါ်မှာရိုက်တဲ့အခါ အသုံးဝင်စေမယ့် ပို့စ်ပေးနည်းလေးပါ။ နေကာမျက်မှန်နဲ့ဆိုတော့ အရမ်းမိုက်ပြီး အထာကျတာပေါ့။

နေရောင်အောက်မှာ ရိုက်မယ်ဆိုရင် နေကာမျက်မှန်တပ်ပြီး ဒီပို့စ်လေးတွေအတိုင်း ရိုက်ကြည့်နော်။ အရမ်းလည်းလှသလို ဆွဲဆောင်မှုလည်း ရှိစေပါတယ်။

နေကာမျက်မှန်တပ်ပြီး တစ်ကိုယ်လုံးပုံလေးတွေရိုက်မယ်ဆိုရင် ဒီပို့စ်လေးအတိုင်း ခုံမှာထိုင်ရိုက်ကြည့်ပါ။ အထာကျပြီး အရမ်းလှပါတယ်။

ခုံမရှိရင်တော့ ဒီပို့စ်လေးအတိုင်း ရိုက်ကြည့်နော်။ နေကာမျက်မှန်နဲ့ဆိုတော့ ပိုပြီး ဖက်ရှင်ကျကျ အထာကျကျနဲ့ မိုက်တာပေါ့။

နေကာမျက်မှန်လေးတပ်ပြီး selfie ရိုက်မယ်ဆိုရင် ဒီပို့စ်လေးတွေအတိုင်း ရိုက်ကြည့်ပါ။ ဆွဲဆောင်မှုရှိပြီး အရမ်းလှပါတယ်။

ဆိုဖာမှာထိုင်ရိုက်တဲ့အခါ indoor ရိုက်ရင် ဒီပို့စ်လေးက အရမ်းမိုက်ပါတယ်။ နေကာမျက်မှန်နဲ့ဆို လုံးဝကို perfect ပဲနော်။

ဒါကတော့ ကိုယ်ဝတ်ထားတဲ့ဖက်ရှင်ကို ပေါ်လွင်စေပြီး အထာကျကျနဲ့မိုက်နေစေမယ့် ပို့စ်ပေးနည်းပဲဖြစ်ပါတယ်။

နေကာမျက်မှန်နဲ့ နေရောင်အောက်မှာ ထိုင်ရိုက်မယ်ဆိုရင် ဒီပို့စ်လေးကိုလည်း ရိုက်ဖြစ်အောင်ရိုက်ကြည့်နော်။ လှလည်းလှသလို ဆွဲဆောင်မှုလည်းရှိပါတယ်။

Crop top လေးတွေဝတ်ထားတဲ့အခါ နေကာမျက်မှန်လေးတပ်ပြီး ဒီပို့စ်လေးအတိုင်း ရိုက်ကြည့်ပါ။ Body အလှလည်း ပေါ်လွင်စေသလို အထာကျပြီး ဆွဲဆောင်မှုလည်း ရှိစေပါတယ်။