လူငယ်ကောင်မလေးတွေကြားမှာ Headphone လေးတွေတပ်တာမျိုးက ပြန်ခေတ်စားနေပါတယ်။ နောက်ပိုင်းဆိုရင် Headphone လေးတွေတပ်ပြီး ဓာတ်ပုံရိုက်ကြတာမျိုးက ပိုတောင်ခေတ်စားလာအုံးမှာပါ။ ဒါကြောင့် Trends နဲ့အညီ ဓာတ်ပုံရိုက်လို့ရအောင် Headphone လေးတွေတပ်ပြီး ဓာတ်ပုံရိုက်တဲ့အခါမှာ အသုံးဝင်စေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

အောက်မှာထိုင်ရိုက်လို့ရတဲ့နေရာမျိုးဆိုရင် Headphone နဲ့ ဒီလိုလေးပို့စ်ပေးပြီး ရိုက်ကြည့်နော်။

မျက်နှာမပါချင်ဘူးဆိုရင် ဒီလိုလေးပို့စ်ပေးကြည့်ပါ။ ဖက်ရှင်ကျပြီး မိမိုက်နေတဲ့ Look လေး ရစေပါတယ်။

Portrait ပုံလှလှလေးတွေ ရိုက်တဲ့အခါမှာဆိုရင် Headphone ကို နားမှာမတပ်ထားချင်ရင် ဂုတ်မှာ ဒီလိုလေးတင်ထားတဲ့ပုံမျိုး ရိုက်ကြည့်နော်။

ဒီပို့စ်လေးဆိုရင် လွမ်းဆွေးနေတဲ့ပုံလေးနဲ့မို့ တစ်မျိုးလေးလှပါတယ်။

မျက်နှာသိပ်မပေါ်ချင်တဲ့သူတွေက Headphone နဲ့ ဒီလိုလေးရိုက်လို့လည်း ရစေတယ်နော်။ အထာကျပြီးမိုက်ပါတယ်။

ကော်ဖီဆိုင်တွေသွားတဲ့အခါ Headphone ယူသွားပါ။ ဒီလိုအထာကျကျ မိမိုက်နေတဲ့ပုံလေးတွေ ရိုက်လို့ရပါတယ်။

Fashion Killer ဖြစ်နေစေမယ့် ပို့စ်အိုင်ဒီယာလေးပါ။ ဒီလိုလေးလည်း ရိုက်ကြည့်နော်။ အရမ်းမိုက်ပါတယ်။

လက်တင်စရာတန်းရှိတဲ့အခါ ဒီလိုလေးပို့စ်ပေးကြည့်ပါ။ ဆွဲဆောင်မှုရှိပြီး အထာကျကျနဲ့ လှလည်းလှပါတယ်။

Headphone တပ်ပြီး ဒီလိုလေးထိုင်နေတဲ့ပုံကို အပေါ်စီးကနေ ရိုက်ကြည့်ပါ။ ဖက်ရှင်ကျပြီး လှပါတယ်။

ပို့စ်သိပ်မပေးတတ်ရင် ဒီပို့စ်လေးက လုပ်ရတာလွယ်ကူတယ်နော်။ လှလည်းလှပါတယ်။

Headphone တပ်ပြီး အနီးကပ်ပုံလေးတွေ ရိုက်ဖြစ်တဲ့အခါ ဒီလိုလေးပို့စ်ပေးရိုက်ကြည့်ပါ။ ဆွဲဆောင်မှုရှိပြီး အထာကျကျနဲ့ အရမ်းလှပါတယ်။

လမ်းမှာ Headphone နဲ့ ဒီလိုလေးထိုင်ပြီး ရိုက်တာမျိုးကလည်း လှတာပါပဲ။ မိုက်လည်းမိုက်ပါတယ်။

ဖက်ရှင်ကျပြီး မိုက်လည်းမိုက်၊ လှလည်းလှတဲ့ ပို့စ်အိုင်ဒီယာလေးပါ။ လူငယ်ကောင်မလေးတွေနဲ့ဆို ပိုလိုက်မှာပါ။

Photo source:www.pinterest.com