ပန်းပင်လေးတွေရှေ့မှာ ဓာတ်ပုံရိုက်ဖြစ်တဲ့အခါမှာ အသုံးဝင်စေမယ့် ပို့စ်ပေးနည်းလှလှလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ပန်းပင်ရှေ့မှာ ကင်မရာကိုကြည့်ပြီး ပြုံးတဲ့ပုံတွေပဲ ပို့စ်ပေးနေမိတယ်ဆိုရင်တော့ ဒီပို့စ်လေးတွေအတိုင်းသာ Try ကြည့်လိုက်တော့နော်။

ပန်းပွင့်လေးကိုကိုင်ပြီး ဒီလိုလေးရိုက်ကြည့်ပါ။ ကင်မရာမကြည့်ချင်တဲ့သူတွေဆိုရင် ဒီလိုလေးရိုက်တာ အဆင်ပြေပါလိမ့်မယ်။

ပန်းပင်က ပန်းတွေအများကြီးနဲ့ဆိုရင် ဒီလိုလေးရိုက်တာလည်း အရမ်းလှပါတယ်။ ဒါလည်း ကင်မရာမကြည့်ချင်တဲ့သူတွေအတွက်ပါ။

ပန်းပင်က ပန်းများတဲ့အခါ၊ ပန်းရုံလိုဖြစ်နေတဲ့အခါမှာတော့ ဒီလိုလေးရိုက်လို့ရပါတယ်။ အရမ်းလှပြီး Aesthetic ဖြစ်ပါတယ်။

စက္ကူပန်းပင်ရှေ့မှာ ဓာတ်ပုံရိုက်တဲ့အခါ ပို့စ်သိပ်မပေးတတ်တဲ့သူတွေဆိုရင် ဒီလိုလေးပို့စ်ပေးလို့ရတယ်နော်။ လွယ်ကူတဲ့ပို့စ်လေးပါပဲ။

ရှေ့တည့်တည့်လှည့်ပြီး ကင်မရာကြည့်တဲ့ပို့စ်တွေက ရိုးနေပြီဆိုရင် ဒီလိုအနေအထားလေးနဲ့ ပို့စ်ပေးကြည့်ပါ။ လှလည်းလှသလို အမြင်လည်းဆန်းပါတယ်။

ပန်းတွေအများကြီးရှိတဲ့အပင်ရှေ့မှာ ဓာတ်ပုံရိုက်တဲ့အခါ ဒီပို့စ်လေးတွေကလည်း အရမ်းလှတယ်နော်။ Aesthetic ဖြစ်တဲ့ ပို့စ်လေးတွေပါပဲ။

ဓာတ်ပုံရိုက်ရင် ပြုံးပဲပြုံးတတ်တယ်ဆိုတဲ့သူတွေအတွက် ဒီပို့စ်လေးက အရမ်းလှပါတယ်။ ဓာတ်ပုံရိုက်ရင် လက်ကိုဘယ်နားထားရမှန်း မသိတဲ့သူတွေအတွက်လည်း အဆင်ပြေတယ်နော်။

ပန်းပင်က ပန်းရုံလိုဖြစ်နေတဲ့အခါမှာတော့ ဂါဝန်လေးတွေဝတ်ပြီး ဒီလိုနောက်ကျောပေး၊ ခေါင်းလေးနည်းနည်းလှည့်ပြီး ရိုက်ကြည့်ပါ။ Perfect ဖြစ်ပြီး အရမ်းလှတဲ့ပုံလေး ရလာပါလိမ့်မယ်။

နောက်တစ်မျိုးအနနဲ့ ဒီလိုလေးလည်းရိုက်ကြည့်ပါ။ သူများနဲ့မတူတဲ့ပို့စ်မျိုးနဲ့ ဆွဲဆောင်မှုရှိပြီး လှပါတယ်။

ဒီပို့စ်လေးကတော့ ချစ်ဖို့ကောင်းတဲ့ ကိုရီးယားစတိုင်လ် ပို့စ်လေးပါ။ လူငယ်ကောင်မလေးတွေနဲ့ဆို လိုက်ဖက်နေမှာပါ။

Portrait ပုံလေးတွေရိုက်ဖြစ်တဲ့အခါမှာတော့ ဒီပို့စ်လေးက အရမ်းလှပါတယ်။ မျက်နှာလေးလည်းပေါ်လွင်သလို ပန်းအလှလည်း ပေါ်လွင်စေပါတယ်။