ဓာတ်ပုံရိုက်ပေးမယ့်သူမရှိလည်း တစ်ယောက်ထဲ အေးဆေး selfie ရိုက်နေလို့ရပါတယ်။ Cute type ပဲရိုက်ရိုက်၊ အမိုက်စားပုံစံလေးတွေပဲရိုက်ရိုက် ပို့စ်သာသေချာပေးတတ်ရင် အကုန်လှပါတယ်။ ဒါကြောင့် ကောင်မလေးတွေအတွက် တစ်ယောက်ထဲ selfie ရိုက်တဲ့အခါမှာ အသုံးဝင်စေမယ့် ပို့စ်အိုင်ဒီယာလေးတွေကို မျှဝေပးလိုက်ပါတယ်။

ဒီပို့စ်လေးဆိုရင် အလွယ်ကူဆုံးပါပဲ။ မိတ်ကပ်လေးသာ သေချာပြင်ဆင်ပြီး လှလှပပလေး ပြင်ဆင်ထားပြီးရိုက်ရင် ဆွဲဆောင်မှုရှိပြီးလှတဲ့ ပုံလေးရလာမှာနော်။

ပေါ့ပေါ့ပါးပါးနဲ့ ချစ်ဖို့လည်းကောင်း လှလည်းလှစေမယ့် ပို့စ်လေးပါ။ ဖုန်းကိုထောင်ပြီး တစ်ယောက်ထဲရိုက်လို့ အဆင်ပြေတဲ့ပုံလေးပါပဲ။

Mirror selfie ကိုလည်း ခပ်မိုက်မိုက်ပုံစံလေးနဲ့ ဆွဲဆောင်မှုရှိအောင် ဒီလိုလေးရိုက်ကြည့်နော်။

မိတ်ကပ်လှလှပပလေး ပြင်ဆင်ထားတဲ့အခါ မျက်နှာကိုအနီးကပ်ထားပြီး ဒီပို့စ်လေးတွေအတိုင်း ရိုက်ကြည့်ပါ။ လှလည်းလှသလို ကိုယ်ပြင်ဆင်ထားမိတ်ကပ်လေးလည်း ပိုပေါ်လွင်စေပါတယ်။

Selfie ရိုက်တဲ့အခါမှာ အရမ်းအသုံးဝင်တဲ့ပို့စ်လေးပါ။ ဆွဲဆောင်မှုရှိပြီးလှပါတယ်။

နောက်ပိုင်းမှာတော့ တစ်ယောက်ထဲ selfie ရိုက်ရင် ဒီလိုပို့စ်လေးတွေနဲ့ အရမ်းရိုက်ကြပါတယ်။ Insta girl style လေးလည်း ဖြစ်ပါတယ်။

တစ်ယောက်ထဲ selfie ရိုက်ရင် ဒီလိုလေးလည်းရိုက်ကြည့်ပါ။ လှပတဲ့ပုံလေး ရလာပါလိမ့်မယ်။

ဒီပို့စ်လေးဆိုလည်း အရမ်းလွယ်ကူတဲ့ပို့စ်ပါပဲ။ ပို့စ်သိပ်မလုပ်တတ်တဲ့ သူတွေအတွက်တောင် အဆင်ပြေစေမှာပါ။

နောက်ပိုင်းမှာခေတ်စားနေတဲ့ပို့စ်လေးပါ။ တစ်ယောက်ထဲ selfie ရိုက်ရင် ဒီလိုပုံလေးတွေလည်း ရိုက်ဖြစ်အောင်ရိုက်ကြည့်နော်။ လူငယ်ဆန်တဲ့ look လေးရစေပါတယ်။

ဒီပို့စ်လေးဆိုရင် တစ်ယောက်ထဲ selfie ရိုက်ရင်း ကိုယ့်ကြောင်လေး၊ ခွေးလေးတွေပါ ခေါ်ရိုက်လိုက်နော်။ ချစ်ဖို့ကောင်းသလို လှလည်းလှတဲ့ပုံကောင်းလေး ရလာမှာပါ။

မိတ်ကပ်ပြင်ထားတဲ့အခါ ဒီလို wink လုပ်တဲ့ပို့စ်လေးတွေ ရိုက်ကြည့်ပါ။ ပိုလှပါတယ်။

တစ်ယောက်ထဲ selfie ရိုက်တဲ့အခါ ဖုန်းကိုတစ်နေရာရာမှာထောင်ထားပြီး ဒီလိုပို့စ်လေး လုပ်ကြည့်ပါ။ လှပတဲ့ပုံလေးရလာမှာ သေချာပါတယ်။