ဒီတစ်ခါမှာတော့ အထူးသဖြင့် လူငယ်ကောင်မလေးတွေ ဓာတ်ပုံရိုက်တဲ့အခါမှာ အသုံးဝင်စေမယ့် ပို့စ်ပေးနည်းအိုင်ဒီယာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါ ပို့စ်တွေတကူးတက စဉ်းစားနေစရာမလိုအောင် ဒီပို့စ်အိုင်ဒီယာလေးတွေက အသုံးဝင်ပါလိမ့်မယ်။

ဒီပို့စ်လေးဆိုရင် အိမ်မှာထိုင်ရိုက်လို့တောင် ရပါတယ်။ ခြေအိတ်လှလှလေးတွေဝတ်ပြီး ရိုက်လည်းရသလို ဒီတိုင်းလေးရိုက်လည်း ချစ်ဖို့ကောင်းနေမှာပါ။

တံခါးအဝနားမှာ လက်ကို ဒီလိုလေးထောက်ထားပြီး ရိုက်ကြည့်နော်။ ကင်မရာမကြည့်ချင်တဲ့သူတွေဆိုရင် ဒီလိုပို့စ်လေးတွေအတိုင်းသာ ရိုက်ကြည့်ပါ။

အစားအသောက်စားရင်းနဲ့လည်း လှလှပပလေးဖြစ်အောင်၊ ချစ်ဖို့ကောင်းအောင် ဒီလိုလေးပို့စ်ပေးရိုက်လို့ ရပါသေးတယ်။

အအေးဘူးလေး လက်ထဲရှိရုံနဲ့ ဒီလိုချစ်ဖို့ကောင်းတဲ့ လူငယ်ဆန်ဆန်ပို့စ်လေးတွေ ရိုက်လို့ရတယ်နော်။

နေထိုးနေတဲ့နေရာမှာရိုက်ရင် ဒီလိုနေကာတဲ့ပို့စ်လေးကို ချစ်ဖို့ကောင်းအောင် ရိုက်လို့ရပါတယ်။ လွယ်ကူတဲ့ပို့စ်လေးဖြစ်လို့ try ကြည့်ကြည့်ပါ။

ပို့စ်သိပ်မလုပ်တတ်တဲ့ ကောင်မလေးတွေအတွက်တောင် အဆင်ပြေမယ့် ပို့စ်ပေးနည်းလေးပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

အလွင့်စတိုင်လ်လေး၊ အဆွေးပုံစံလေး ရိုက်ချင်ရင် ဒီပို့စ်လေးအတိုင်း ရိုက်ကြည့်နော်။

Shoulder off လေးတွေဝတ်ထားတဲ့အခါ ဘေးတစ်စောင်းအနေအထားနဲ့ ဆံပင်တစ်ဖက်ကို အနောက်ပို့ပြီး ဒီလိုလေးပို့စ်ပေးရိုက်ကြည့်ပါ။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

ဓာတ်လှေကားမှာ ပုံရိုက်ဖြစ်တဲ့အခါ ဒီလိုလေးပို့စ်ပေးကြည့်နော်။ ချစ်ဖို့ကောင်းပြီး လူငယ်ဆန်တဲ့ပုံစံလေးဖြစ်လို့ လူငယ်ကောင်မလေးတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။