အစားအသောက်နဲ့ဓာတ်ပုံရိုက်တဲ့အခါမှာ မိန်းကလေးဆန်ပြီးလှနေစေမယ့် ပို့စ်ပေးနည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့ ကောင်မလေးတွေအတွက်တော့ အရမ်းကိုအသုံးဝင်မှာ သေချာပါတယ်။

ကင်မရာကိုမကြည့်ချင်တဲ့အခါ ဒီလိုလေးပို့စ်ပေးပြီး ရိုက်ကြည့်နော်။ လှလှပပ သပ်သပ်ရပ်ရပ်လေးနဲ့ မိန်းကလေးဆန်ပြီး လှနေမှာပါ။

ပန်းမရှိတဲ့အခါ နားထဲကို ဆံပင်သပ်ထည့်နေတဲ့ပုံစံလေး ပို့စ်ပေးပြီး ရိုက်လို့ရပါတယ်။ မိန်းကလေးဆန်ပြီး အရမ်းလှတဲ့ ပို့စ်လေးပါပဲ။

ပို့စ်သိပ်မပေးတတ်ရင် ဒီလိုလေးပဲ ရိုက်ကြည့်လိုက်နော်။ ရိုးရိုးလေးနဲ့လှနေမှာ သေချာပါတယ်။ ဘယ်တော့မှလည်း ရိုးမသွားစေမယ့်ပုံစံလေးပါ။

ဘေးဘက်ကနေရိုက်တဲ့အခါမှာတော့ ဒီပို့စ်လေးက အသုံးဝင်ပါလိမ့်မယ်။ ဘေးဘက်ကရိုက်တာဖြစ်လို့ မျက်နှာလေးပိုပေါ်အောင် ဆံပင်ကို တစ်ဖက်ကိုသပ်ထားပြီးရိုက်ရင် ပိုလှပါတယ်။

Dessert လေးတွေစားပြီးရိုက်တဲ့အခါမှာတော့ ဒီပို့စ်လေးက အသုံးဝင်ပါလိမ့်မယ်။ မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းနေစေမယ့် ပို့စ်လေးပါ။

မုန့်လှလှလေးတွေနဲ့ရိုက်တဲ့အခါမှာတော့ ဒီပို့စ်လေးအတိုင်း ရိုက်ကြည့်နော်။ Perfect ဖြစ်ပြီးလှတဲ့ ပုံကောင်းလေး ရလာပါလိမ့်မယ်။

တူကိုလက်ကနေကိုင်ထားတဲ့ပုံစံလေးက အသက်ပါပဲ။ ဒီပို့စ်လေးအတိုင်းလည်း ရိုက်ကြည့်ပါ။ သပ်ရပ်လှပတဲ့ပုံကောင်းလေး ရလာပါလိမ့်မယ်။

ကင်မရာမကြည့်ချင်တဲ့အခါ ပို့စ်လည်းသိပ်မလုပ်တတ်ဘူးဆိုရင် မေးထောက်ပြီး တခြားတစ်ဖက်ကိုကြည့်နေတဲ့ ပုံလေးသာ ပို့စ်ပေးလိုက်ပါ။ မိန်းကလေးဆန်ပြီး လှနေပါလိမ့်မယ်။

ဝိုင်ခွက်လေးကိုင်ပြီး ကင်မရာကိုကြည့်နေတဲ့ပုံလေးရိုက်လည်း လှသလို တခြားတစ်ဖက်ကို ငေးနေတဲ့ပုံလေးရိုက်လည်း လှပါတယ်။

Photoshoot ပုံစံလေး အစားအသောက်နဲ့ရိုက်တဲ့အခါမှာတော့ ဒီပို့စ်လေးတွေအတိုင်း ရိုက်ဖြစ်အောင်ရိုက်ကြည့်ပါ။ မိန်းကလေးဆန်ပြီး အရမ်းလှသလို ချစ်ဖို့လည်းကောင်းတဲ့ ပုံကောင်းလေးတွေ ရလာပါလိမ့်မယ်။