ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ ကောင်မလေးတွေအတွက် အနီးကပ်ပုံတွေမဟုတ်ပဲ တစ်ကိုယ်လုံးပုံလေးတွေ ရိုက်တဲ့အခါမှာ ချစ်ဖို့ကောင်းနေစေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

ခြေထောက်အနေအထားကို ဒီလိုလေးထားပြီး ရိုက်ကြည့်ပါ။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

ကော်ဖီဆိုင်လေးတွေမှာ လွတ်လပ်ပေါ့ပါးတဲ့ပုံစံလေးနဲ့ ထိုင်ရိုက်မယ်ဆိုရင် ဒီပို့စ်လေးက ချစ်ဖို့ကောင်းတယ်နော်။

နောက်တစ်မျိုးအနေနဲ့ ဒီလိုလေးထိုင်ပြီးတော့ရိုက်တာလည်း ချစ်ဖို့ကောင်းတာပါပဲ။

မိန်းကလေးဆန်ဆန် ဂါဝန်လေးတွေ၊ စကပ်လေးတွေဝတ်ထားတဲ့အခါမှာတော့ ဒီလိုလေးထိုင်ရိုက်လို့ရပါတယ်။

အဝေးကနေရိုက်တဲ့အခါမှာ ဒီပို့စ်လေးက ချစ်ဖို့ကောင်းပါတယ်။ ပို့စ်ပေးရတာလည်း လွယ်ကူပါတယ်။

ဆိုင်တွေမှာ လှလှပပလေး ထိုင်ရိုက်မယ်ဆိုရင် ဒီလိုလေးထိုင်ရိုက်ပြီး လက်အနေအထားကိုလည်း ပုံထဲကအတိုင်းလေး လုပ်ကြည့်ပါ။ မျက်နှာလေးပြုံးထားရင် ပိုလှပြီး ချစ်ဖို့ကောင်းမှာပါ။

လှေကားမှာထိုင်ရိုက်တဲ့အခါ ချစ်ဖို့ကောင်းအောင် ဒီလိုလေးပို့စ်ပေးကြည့်ပါ။ Snap ပုံလေးနဲ့လည်းတူပြီးတော့ အရမ်းချစ်ဖို့ကောင်းပါတယ်။

မတ်တပ်ရပ်ပြီး တစ်ကိုယ်လုံးပုံလေးတွေ ရိုက်တဲ့အခါမှာတော့ ချစ်ဖို့ကောင်းအောင် ဒီလိုလေးပို့စ်ပေးပြီး ပြုံးနေပါ။

ထိုင်စရာခုံကျယ်ကျယ်ရှိရင်တော့ ဒီလိုလေးပို့စ်ပေးလို့ရတယ်နော်။ အောက်မှာထိုင်ရိုက်ရင်လည်း ဒီပို့စ်လေးက အသုံးဝင်ပါတယ်။

ဂါဝန်အကားလေးတွေ ဝတ်ထားတဲ့အခါမှာတော့ ဒီပို့စ်လေးအတိုင်း ပို့စ်ပေးကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းတဲ့ပုံလေး ထွက်လာမှာ သေချာပါတယ်။