ဓာတ်ပုံအမျိုးမျိုးရိုက်ရတာ ဝါသနာပါတဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ Snap ပုံလေးတွေနဲ့တူစေမယ့် ပို့စ်ပေးနည်း အိုင်ဒီယာလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ထိုင်ပြီးရိုက်တဲ့အခါ ဒီလိုလေးပို့စ်ပေးကြည့်ပါ။ ကိုယ်ဝတ်ထားတဲ့ဖက်ရှင်တွေလည်း ပေါ်လွင်စေသလို Snap ပုံလေးနဲ့လည်း တူပါတယ်။ လက်ကအသက်ပါပဲ။

မိန်းကလေးဆန်ဆန် ဂါဝန်အရှည်၊ စကပ်အရှည်လေးတွေ ဝတ်ထားတဲ့အခါ ဒီလိုလေးပို့စ်ပေးကြည့်ပါ။ အရမ်းကြီး Snap နဲ့မတူပေမယ့် နည်းနည်းတော့ဆင်တာပေါ့။

သွားလေရာမှန်သယ်တတ်တဲ့ ကောင်မလေးတွေအတွက် Snap ပုံလေးနဲ့တူအောင် ဒါမျိုးပို့စ်ပေးပြီး ရိုက်လို့ရပါတယ်။

ဒီပို့စ်လေးဆိုလည်း Snap ပုံလေးနဲ့တူတာကြောင့် Try ကြည့်နော်။

လမ်းလျှောက်လာတဲ့ပုံကို Snap နဲ့တူအောင်ရိုက်ချင်ရင် ဒီလိုလေးသာ ပို့စ်ပေးကြည့်ပါ။ လက်အနေအထားတူအောင် လုပ်ကြည့်ပါ။

Snap နဲ့လည်းတူချင်တယ်၊ မျက်နှာလည်း သိပ်မပေါ်ချင်ဘူးဆိုရင်တော့ ဒီပို့စ်လေးအတိုင်းသာ ထိုင်ရိုက်ကြည့်ပါ။

နောက်ထပ် Snap နဲ့တူတဲ့ ပို့စ်ပေးနည်းအိုင်ဒီယာလေးပါ။

ဈေးဝယ်တဲ့အခါမှာလည်း Snap ပုံလေးရအောင် ဒီလိုလေးရိုက်လို့ရပါသေးတယ်။

နောက်ကျောပုံလေးတွေလည်း ရိုက်ကြည့်ပါ။ သေချာပို့စ်ပေးတတ်ရင် လှလှလေးထွက်လာပါလိမ့်မယ်။

ဒီပုံလေးဆိုလည်း Snap နဲ့တူတာကြောင့် တစ်ကိုယ်လုံးပုံလေးရိုက်မယ်ဆိုရင် ဒီလိုထိုင်ရိုက်ပြီး ပို့စ်ပေးကြည့်နော်။

ဘယ်လိုနေရမှန်းမသိရင် ဖုန်းကြည့်နေတဲ့ ဒီလိုပုံလေးသာ ရိုက်ကြည့်ပါ။ Snap ပုံလေးနဲ့လည်း တူပါတယ်။