ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ ချစ်ဖို့ကောင်းပြီး လုပ်ရတာလည်းလွယ်ကူစေမယ့် ပို့စ်ပေးနည်းအိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။ လွယ်ကူတဲ့ ပို့စ်ပေးနည်းတွေဖြစ်လို့ ပို့စ်သိပ်မပေးတတ်တဲ့သူတွေအတွက်လည်း အဆင်ပြေမှာပါ။

ဓာတ်ပုံရိုက်ရင် လက်ကိုဘယ်နားထားရမှန်းမသိဘူးဆိုတဲ့သူတွေ အများကြီးရှိပါတယ်။ ဒါဆိုရင်တော့ ဒီပို့စ်လေးအတိုင်းသာ ရိုက်ကြည့်လိုက်နော်။ ချစ်ဖို့ကောင်းပါတယ်။

လှလှလေးဝတ်ထားတဲ့အခါ ဒီလိုဘေးတစ်စောင်းအနေအထားလေး ရိုက်ကြည့်ပါ။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

တစ်ကိုယ်လုံးပုံလေး မတ်တပ်ရပ်ရိုက်ပေမယ့် ပို့စ်လည်းသိပ်မပေးတတ်ဘူးဆိုရင် ဒီပို့စ်လေးအတိုင်းသာ try ကြည့်ပါ။ ပို့စ်ပေးရတာလည်း လွယ်ကူသလို ချစ်ဖို့လည်းကောင်းပါတယ်။

ဂါဝန်အရှည်လေးတွေဝတ်ထားရင် ဒီလိုလေး ထိုင်ရိုက်လို့ရတယ်နော်။

တစ်ကိုယ်လုံးပုံလေးတွေ မတ်တပ်ရပ်ရိုက်တဲ့အခါ ဒီပို့စ်လေးက အရမ်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။ ခြေထောက်လေးတစ်ဖက်ကို ရှေ့ထုတ်ရိုက်ရင် အရပ်လည်း ပိုရှည်သလို ဖြစ်သွားစေပါတယ်။

ထိုင်ရိုက်တဲ့အခါမှာတော့ အရပ်နည်းနည်းပိုရှည်သလို ဖြစ်ချင်ရင် ဒီလိုလေးပို့စ်ပေးရိုက်ကြည့်ပါ။

ကော်ဖီဆိုင်လေးတွေမှာ ထိုင်ရိုက်တဲ့အခါ ချစ်ဖို့ကောင်းအောင် ဒီလိုလေးတွေ ပို့စ်ပေးပြီး ရိုက်ကြည့်ပါ။ ဘယ်တော့မှရိုးမသွားစေတဲ့ ပို့စ်လေးတွေဖြစ်ပြီး အရမ်းလည်း ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

ပို့စ်သိပ်မပေးတတ်လို့ အလွယ်ကူဆုံးပို့စ်ပဲပေးပြီး ဓာတ်ပုံရိုက်ချင်တဲ့သူတွေအတွက် အသင့်တော်ဆုံးပို့စ်ပေးနည်းလေးပါ။

တစ်ကိုယ်လုံးပုံလေးတွေရိုက်တဲ့အခါ ဒီပို့စ်လေးဆိုလည်း ပို့စ်ပေးရလွယ်ကူပြီး ချစ်ဖို့ကောင်းပါတယ်။ ကင်မရာမကြည့်ချင်ရင် ဒါမျိုးလေးရိုက်ကြည့်နော်။