ပျိုမေတို့အားလုံး မင်္ဂလာပါရှင်။ Kpop ပရိတ်သတ်တွေကြား လတ်တလောရေပန်းစားနေတဲ့ မျိုးဆက်သစ် Kpop အဖွဲ့တွေထဲမှာ Le Sserafim လို့ခေါ်တဲ့ မိန်းကလေးငါးယောက်အဖွဲ့ကလည်း အပါအဝင်ပါပဲ။ အဖွဲ့ဝင်တစ်ဦးချင်းစီဟာ သူတို့ရဲ့ တစ်မူထူးတဲ့ အရည်အချင်း၊ ဖက်ရှင်နဲ့ ရုပ်ရည်ကြောင့် နာမည်ကြီးကြသလို အဖွဲ့ခေါင်း‌ဆောင် Kim Chaewon ဟာဆိုရင် သူမရဲ့ ချစ်ဖို့ကောင်းပြီး အထာကျတဲ့ပုံစံကြောင့် လူကြိုက်များတဲ့ Idol တစ်ယောက်ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် Kim Chaewon ဟာ Le Sserafim ရဲ့ အဆို၊ အကဘက်စုံထူးချွန်တဲ့ အဖွဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်ရုံတင်မကဘဲ သူမရဲ့ Mirror Selfie လှလှလေးတွေကြောင့်လည်း Mirror Selfie Queen ဆိုပြီးတော့ Kpop ပရိတ်သတ်တွေကြားမှာ နာမည်ကြီးသူပါ။

ဒါကြောင့် ဒီတစ်ခေါက်မှာတော့ Mirror Selfie ရိုက်တာ သဘောကျတဲ့ ပျိုမေလေးတို့နမူနာယူလို့ရမယ့် Kim Chaewon ရဲ့ Mirror Selfie Pose Idea လေးတွေကို ဖော်ပြပေးသွားမှာပါ။ Selfie ရိုက်နေကျ ပျိုမေတို့ Idea ရစေမှာမို့ စိတ်ဝင်စားတယ်ဆိုရင် ဆက်ကြည့်လိုက်ပါနော်-

Mirror Selfie ကို ပုံမှန်အတိုင်းမရိုက်ဘဲ Camera ကို ပြောင်းပြန်ထားပြီး ရိုက်ကြည့်ပါနော်။

ဖုန်း Flash မီးဖွင့်ပြီး ဓာတ်ပုံရိုက်တဲ့အခါ မီးရောင်က မှန်မှာထင်ပြီး အမိုက်စား Mirror Selfie ကို ရရှိစေမှာပါ။

မုန့်စားရင်းနဲ့လည်း ခုလိုမျိုး ချစ်ဖို့ကောင်းတဲ့ Mirror Selfie လှလှလေးတွေ ရိုက်လို့ရပါတယ်နော်။

တစ်ခါတစ်လေ မျက်စိမှိတ်ပြီးတော့ပဲဖြစ်ဖြစ်၊ လျှာထုတ်ပြီး နှုတ်ခမ်းဆူတာမျိုးပဲဖြစ်ဖြစ် ချစ်ဖို့ကောင်းတဲ့ Mirror Selfie လေးတွေ ရိုက်ကြည့်ပါနော်။

ကိုယ့် Outfit ကို ပြချင်တဲ့အခါမျိုးတွေဆိုရင်လည်း ဖုန်းကို ပုံမှန်အတိုင်းထားတာထက် အထက်အောက်ပြောင်းပြန်ထားပြီးရိုက်တာက ပိုမိုက်နေမှာပါ။

မိတ်ကပ်သေချာလိမ်းထားတဲ့နေ့တွေဆိုရင် မျက်နှာကိုအနီးကပ်ထားပြီးရိုက်တာက ကိုယ့်မျက်နှာရဲ့အလှကို ပိုမိုပေါ်လွင်စေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar