ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့သူတွေထဲက ဒီတစ်ခါမှာတော့ အရပ်ရှည်တဲ့ကောင်မလေးတွေအတွက် ဓာတ်ပုံရိုက်တဲ့အခါမှာ လှပနေစေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ တစ်ကိုယ်လုံးပုံလေးတွေ ရိုက်မယ်ဆိုရင်တော့ ဒီပို့စ်အိုင်ဒီယာလေးတွေက အရမ်းကိုအသုံးဝင်မှာ သေချာပါတယ်။

ဒီပုံလေးဆိုရင် မိုက်လည်းမိုက်သလို လှလည်းလှပါတယ်။ ဘောင်းဘီအရှည်တွေဝတ်ထားရင် ဒီလိုမျိုး ပို့စ်ပေးကြည့်ပါ။

အရပ်ရှည်တဲ့ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းသလို လှလည်းလှတဲ့ ပို့စ်လေးဖြစ်ပါတယ်။

ချစ်ဖို့ကောင်းတဲ့ပုံစံလေး ရိုက်မယ်ဆိုရင် ဒီပုံလေးအတိုင်းသာ ပို့စ်ပေးကြည့်နော်။

နေပူထဲရိုက်ရင်တောင်မှ နေကာရင်းနဲ့လှနေမယ့် ပို့စ်လေးပဲ ဖြစ်ပါတယ်။

အရပ်ရှည်ရင် လှေကားမှာ ဒီလိုပုံလေး ထိုင်ရိုက်ကြည့်ပါ။ လှပါတယ်။

ထိုင်ခုံမှာ ဒီလိုမျိုးခြေထောက်ကို ချိတ်ထားတဲ့ပုံစံက ခြေတံရှည်ရင် ပိုလှတာကြောင့် ဒီလိုလေးလည်း ရိုက်လို့ရပါသေးတယ်။

ဒီပုံလေးဆိုရင်လည်း လှပပြီး ဆွဲဆောင်မှုှရှိပါတယ်။

လှေကားမှထိုင်ရိုက်လို့ရမယ့် နောက်ထပ်ပို့စ်တစ်မျိုးပါ။ ဒီပုံလေးဆိုရင်လည်း ဆွဲဆောင်မှုရှိပြီး အရမ်းလှပါတယ်။

Shopping ထွက်ရင်းရိုက်လို့ရမယ့် ပို့စ်အိုင်ဒီယာလေးပါ။ ဓာတ်ပုံရိုက်ရတာ အရမ်းဝါသနာပါရင် ဒါမျိုလေးလည်း ရိုက်ကြည့်နော်။

လှေကားမှာထိုင်ရိုက်တဲ့အခါ ဒီပုံလေးကလည်း အသုံးဝင်ပါတယ်။ အရပ်ရှည်တဲ့ကောင်မလေးတွေနဲ့လည်း အရမ်းလိုက်ဖက်တဲ့ ပို့စ်လေးပါပဲ။