ဓာတ်ပုံကောင်းတစ်ပုံရဖို့အတွက် လုံလောက်တဲ့အလင်းရောင်ရှိဖို့ လိုအပ်ပါတယ်။ နေရောင်ကောင်းကောင်းနဲ့ ရိုက်ထားတဲ့ ပျိုမေတို့ရဲ့ ဓာတ်ပုံတွေက သာမန်ပုံတွေထက် ပိုလှနေတာကို သိကြမှာပါ။ ဒီလို Sun Kiss ရိုက်တဲ့နေရာမှာ နေရောင်နဲ့ ကိုယ့်မျက်နှာနဲ့ သဟဇာတဖြစ်ဖို့ကလည်း လိုအပ်ပါတယ်။ မဟုတ်ရင် ဓာတ်ပုံလှလှလေးမထွက်ဘဲ တစ်ကွက်လင်း တစ်ကွက်မှောင်နဲ့ ရယ်စရာပုံဖြစ်သွားပါလိမ့်မယ်။

ဒါကြောင့် Sun Kiss ပုံလှလှလေးရဖို့ အိုင်ဒီယာလေးတွေ တင်ပြပေးလိုက်ပါတယ်။

နေရောင်ခြည်ကို လက်ကလေးနဲ့ ကွယ်တဲ့ပုံစံလေးက Sunkiss ကို အသက်ဝင်စေတဲ့ ပို့စ်မျိုးပါ

အဝေးတစ်နေရာကို ကြည့်ပြီး နေရောင်နဲ့ ညှိယူထားပါတယ်

နေရောင်ခြည်ကို ထိတွေ့ပြီး မျက်လုံးမှိတ်ထားကလည်း အသက်ဝင်ပါတယ်

ကဖီးဆိုင်ရောက်တဲ့အချိန် နေရောင်ရတဲ့နေရာကို လုထိုင်လိုက်ပါတော့

သစ်ပင်တစ်ပင်ဒါမှမဟုတ် ပန်းတစ်ပွင့်ရဲ့ အရိပ်အကူအညီကိုလည်း ယူနိုင်ပါတယ်

အပြင်က အရိပ်တစ်ခုခုနဲ့ ပုံဖော်ပါ

ဒီလိုပို့စ်ပေးတဲ့ နေရာမှာ ကိုယ့်ပုံစံက တကယ်ပျော်နေတဲ့ပုံမျိုးဖြစ်ဖို့လိုပါတယ်

MyStyle Myanmar ကိုအားပေးတဲ့ ပျိုမေလေးတွေ Sun Kiss ပုံလှလှလေးတွေ ရိုက်နိုင်ကြပါစေနော်။

Source: Pinterest