ဟယ်လို အားလုံးပဲမင်္ဂလာပါနော်။ အခုရက်ပိုင်း မိုးတွေ အသားကုန်ရွာနေတယ်နော်။ ဒီလိုမိုးရွာတဲ့အခါ ဘယ်သူ့ကို လွမ်းလို့ လွမ်းမှန်းမသိတဲ့ ခံစားချက်မျိုး ဖြစ်ကြတယ်မလား။

မိုးဖွဲဖွဲလေးရွာနေတဲ့အခါ ကော်ဖီပူပူလေးတစ်ခွက်သောက်ပြီး တစ်စုံတစ်ယောက်ကို လွမ်းဆွတ်တဲ့Feelingလေးကလည်း တစ်မျိုးလေးခံစားလို့ကောင်းပါတယ်နော်။

ကဲ..ဒီနေ့မှာတော့ အခုလိုမိုးရာသီမှာ အပြင်သွားရင် မပါမဖြစ်တဲ့ထီးလေးနဲ့ ဓါတ်ဖမ်းချင်ကြတဲ့ ပျိုမဒီလေးတွေအတွက်ရော အလွမ်းဒဏ်ခံရှိတဲ့သူတွေအတွက်ပါ ချစ်ဖို့လည်းကောင်း လွမ်းဆွတ်ဖို့လည်း ကောင်းတဲ့ ပို့စ်ပေးနည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Photo Source: Pinterest