မိန်းကလေးတွေအတွက် ခုံမှာထိုင်ပြီး ဓာတ်ပုံရိုက်တဲ့အခါမှာ အသုံးဝင်စေမယ့် ပို့စ်ပေးနည်း အိုင်ဒီယာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ထိုင်တဲ့ပုံစံက လှနေမှ ပုံထွက်လည်း ကောင်းမှာပါ။ ဒါကြောင့် ပုံလှလှလေးထွက်လာအောင် ဒီပို့စ်လေးတွေက ကူညီပေးပါလိမ့်မယ်။

ခြေထောက်အနေအထားကို ဒီလိုလေးထားပြီးတော့ ပို့စ်ပေးကြည့်ပါ။ မြင်နေကျပုံစံနဲ့မတူပဲ စတိုင်လ်ကျပြီး လှစေပါတယ်။

ဒီပို့စ်လေးကတော့ ရိုးရိုးလေး ခြေချိတ်ထိုင်ပြီး လက်ကိုအနောက်မှာ တင်ထားတာပါ။ မိန်းကလေးဆန်ပြီးလှတဲ့ ပို့စ်လေးဖြစ်ပါတယ်။

ဘောင်းဘီအရှည်လေးဝတ်ပြီး ရိုက်မယ်ဆိုရင် ဒီပုံလေးအတိုင်း ပို့စ်ပေးပြီးရိုက်ကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။

ဒီလိုခုံအနိမ့်လေးတွေမှာ ထိုင်ရိုက်မယ်ဆိုရင် အတည့်မနေပဲ ဘေးတစ်စောင်းလေးနေပြီး ဒီလိုထိုင်ရိုက်ကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။

ဒီထိုင်ပုံလေးကတော့ ကိုယ်ဝတ်ထားတဲ့ဖက်ရှင်ကို အားလုံးပေါ်လွင်စေပြီး ဆွဲဆောင်မှုရှိရှိနဲ့ လှနေစေမယ့် ပို့စ်လေးပါ။

Freestyle ပုံစံလေးနဲ့ အထာကျကျလေး ထိုင်ရိုက်မယ်ဆိုရင်တော့ ဒီပို့စ်လေးက အသုံးဝင်ပါလိမ့်မယ်။

ဒီလိုလေးခြေချိတ်ထိုင်တာလည်း စတိုင်လ်ကျပြီးမိုက်ပါတယ်။

ဆိုဖာလိုခုံတွေမှာ ထိုင်ရိုက်မယ်ဆိုရင်တော့ ဒီထိုင်ပုံလေးနဲ့ ပို့စ်လေးက ဆွဲဆောင်မှုရှိပြီးလှပါတယ်။

ကိုယ်ဝတ်စားထားတဲ့ ဖက်ရှင်စတိုင်လ်ကို ပေါ်လွင်စေပြီး အထာကျကျနဲ့ မိုက်နေစေမယ့် ပို့စ်ဖြစ်ပါတယ်။

ချစ်ဖို့ကောင်းတဲ့ Cute Type လေးဆိုရင်တော့ ခုံမှာထိုင်ပြီး ခြေထောက်ကို ဒီလိုလေး အရှေ့ဆန့်ထုတ်လိုက်ရုံပါပဲ။

Photo source:www.pinterest.com