ပျိုမေတို့ရေ မင်္ဂလာပါနော်။ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ချစ်ရသူနဲ့ပဲဖြစ်ဖြစ် Picnic Date လေး အတူဖန်တီးပြီး အပန်းဖြေဖို့ စဉ်းစားထားတဲ့သူတွေအတွက် Date လုပ်ရင်း အလန်းစား ဓာတ်ပုံလေးတွေရအောင် Pose ပေးနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ Outfit လှလှလေးပေါ်ချင်တဲ့သူတွေအတွက်လည်း အိုင်ဒီယာရစေမယ့် Pose လေးတွေဖြစ်လို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-

အနားမှာပန်းလေးတွေရှိရင် ပန်းကိုင်ပြီး ဒီလို Pose လေးတွေ ပေးကြည့်လိုက်ပါ။


စာအုပ်ဖတ်နေသလို Pose လေးကလည်း ကဗျာဆန်တဲ့ပုံလေးရစေပါတယ်။


နေကာနေတဲ့ပိုစ့်လေး လုပ်ကြည့်ပါ။

တစ်ခုခုသောက်ရင်း Pose ပေးတာကလည်း အပန်းဖြေတဲ့ Vibe အပြည့်ရစေမှာပါ။


ခန္ဓာကိုယ်စောင်းထိုင်ကာ ခြေထောက်လေးဘေးကိုဆန့်ထားတဲ့ပုံစံက ထွေထွေထူးထူး Pose မပေးချင်သူတွေနဲ့အဆင်ပြေပါတယ်။

ဒူးလေးထောင်ထားတဲ့ Pose လေးကလည်းချစ်စရာကောင်းပါတယ်။


Snap ရိုက်လိုက်သလိုနဲ့ လှနေအောင် တစ်ဖက်ကို ငေးနေသလို၊ ငုံ့ကြည့်လိုက်သလိုလေး နေကြည့်ပါနော်။ Outfit နဲ့ ရှုခင်းလေးတွေ ထင်းနေစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar