အားလုံးပဲမင်္ဂလာပါနော်။ အလွမ်းဓာတ်ခံရှိတဲ့သူတွေအတွက် ပို့စ်ပေးတဲ့အခါ ဆွေးဆွေးလေးနဲ့ ဆွဲဆောင်မှုတစ်မျိုးလေးရှိအောင် ပို့စ်ပေးလို့ရတယ်ဆိုတော့ ဒီတခါမှာ အလွမ်းဒဏ်ခံအပြည့်ရှိတဲ့ပုံလှလှလေးတွေရိုက်ချင်တဲ့ မဒီလေးတွေအတွက်ပဲ့ဖြစ်ပါတယ်နော်။

တခါတလေကျရင် ဘာမှန်းမသိဘဲ ဘာကိုမှန်းမသိဘဲ လွမ်းနေတဲ့ခံစားချက်မျိုး လူတိုင်းဖြစ်ဖူးကြမယ်လို့ထင်ပါတယ်။ မိုးရွာရင်ဖြစ်ဖြစ်၊ ပင်လယ်ကြီးကိုကြည့်ရင်းဖြစ်ဖြစ်၊ တောင်တန်းလေးတွေကိုကြည့်ရင်းဖြစ်ဖြစ်၊ ရာသီဥတု အုံ့ဆိုင်းဆိုင်းလေးဖြစ်နေရင်ဖြစ်ဖြစ်၊ တစ်ယောက်တည်းရှိနေချိန်မှာဖြစ်ဖြစ် တစ်ခုခုကိုလွမ်းနေတဲ့ခံစားချက်မျိုးက ဝင်လာတတ်ပါတယ်။

ဒီလိုအလွမ်းအဆွေးဖီလင်လေးကို ပေါ်လွင်စေဖို့အတွက် ကင်မရာကို မကြည့်ဘဲ တခြားတစ်နေရာကို ငေးကြည့်ရင်း တစ်စုံတစ်ယောက်ကိုလွမ်းနေတဲ့ပို့စ်လေးတွေကို ပေးရင်း ဓါတ်ဖမ်းလိုက်ကြရအောင်….

Photo Source: Pinterest