ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ ကင်မရာကိုမကြည့်တဲ့ ပို့စ်ပေးနည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ထိုင်စရာနေရာလေးရှိရင် ဒီလိုလေးထိုင်ပြီး မေးထောက်ကာ တစ်ဖက်ကိုကြည့်နေတဲ့ပို့စ်လေး လုပ်ကြည့်ပါ။ မျက်နှာထားလေးက ပြုံးနေရင်တော့ ပိုပြီးလှမှာပါ။

ဘောင်းဘီရှည်လေးဝတ်ထားရင်တော့ ခုံမှာဒီလိုလေးထိုင်ပြီး ပို့စ်ပေးကြည့်ပါ။ အရှေ့ကိုကြည့်နေပြီး ရိုက်တဲ့သူက ဘေးဘက်ကနေ ရိုက်ပေးပါ။

ခုံတန်းလျားလေးမှာထိုင်ပြီးရိုက်ရင် ဒီလိုလေးထိုင်ပြီး ဖုန်းကိုကြည့်နေတဲ့ပုံလေး ပို့စ်ပေးကြည့်ပါ။ ဒီပုံလေးမှာတော့ ထိုင်နေတဲ့ပုံလေးက အသက်ပါပဲ။

တင်ပလေခွေထိုင်ပြီး တစ်ဖက်ကိုခေါင်းလှည့်ပြီး ကြည့်နေတဲ့ပုံလေးလည်း ပို့စ်ပေးကြည့်ပါ။ အရမ်းလွယ်ပါတယ်။

လက်လေးတစ်ဖက်ကို ခေါင်းပေါ်တင်ပြီး ဒီလိုလေးပို့စ်ပေးကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။ တစ်ခါတစ်လေကျရင် ကင်မရာကိုမကြည့်တဲ့ပုံလေးတွေက ပိုလှနေတတ်ပါတယ်။

ဒီပို့စ်လေးဆိုရင် ချစ်ဖို့ကောင်းသလို snap ပုံလေးနဲ့တောင် တူပါသေးတယ်။

ဒီပို့စ်လေးဆိုရင် လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။ ဘောင်းဘီရှည်လေးတွေနဲ့ freestyle ဝတ်ထားရင် ဒီလိုလေးပို့စ်ပေးကြည့်ပါ။

မေးထောက်ပြီး တစ်ဖက်ကိုကြည့်နေတဲ့ပို့စ်လေးတွေက လုပ်ရတာအလွယ်ဆုံးပါပဲ။ လှဲပြီးရိုက်ထားတဲ့အတွက် ပိုတောင်ချစ်ဖို့ကောင်းပါသေးတယ်။

Picnic ထွက်တဲ့ပုံလေးတွေ ရိုက်မယ်ဆိုရင် ဒီလိုစာဖတ်နေတဲ့ပုံလေးတွေလည်း ပို့စ်ပေးရိုက်ကြည့်ပါ။ ပုံထွက်အရမ်းလှပါတယ်။

ကင်မရာမကြည့်ပဲ ပို့စ်ပေးတာတောင်မှ လုံးဝအထာကျပြီး မိုက်နေစေမယ့် ပို့စ်ပေးနည်းတွေဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့သူတွေအတွက်တော့ အသုံးဝင်မှာပါ။

Photo source:www.pinterest.com