တချို့ကျတော့ ဓာတ်ပုံရိုက်ရင် ကင်မရာကို မကြည့်ချင်ကြပါဘူး။ ပြီးရင် ဘယ်လိုပို့စ်ပေးရတော့မှန်း မသိတော့ဘူးဆိုတာမျိုးလည်း ဖြစ်ကြပါသေးတယ်။ ဒါကြောင့် ဓာတ်ပုံရိုက်ရင် ကင်မရာမကြည့်ချင်တဲ့ ကောင်မလေးတွေအတွက် ပို့စ်အိုင်ဒီယာလေးတွေကို မျှဝေပေးလိုက်ပါတယ်။

အနောက်မှာ ခုံလေးရှိရင် ဒီလိုပုံလေးပို့စ်ပေးကြည့်ပါ။ ခြေတံအလှပေါ်လွင်သလို အရပ်လည်း ပိုရှည်သလို ဖြစ်သွားစေပါတယ်။

ဖက်ရှင်ကျကျလေး ဝတ်စားထားတဲ့အခါ ဒီလိုလေးထိုင်ပြီး မျက်နှာထားကိုလည်း ပုံထဲကအတိုင်းလေး လုပ်ကြည့်ပါ။ အရမ်းလှပါတယ်။

ကင်မရာလည်းမကြည့်ချင်ဘူးဆိုရင် အနားမှာစာအုပ်တစ်အုပ်ရှိရင် စာအုပ်ဖတ်နေသလိုမျိုးလေးသာ ပို့စ်ပေးရိုက်လိုက်ပါ။

လှေကားပေါ်ကဆင်းလာတဲ့ပုံလေးတွေရိုက်ရင် ကင်မရာမကြည့်တာက ပိုတောင်လှပါသေးတယ်။ ဒီပို့စ်လေးအတိုင်း Try ကြည့်ပါ။

မိန်းကလေးဆန်ဆန်လေး ဝတ်စားထားရင် ထိုင်ခုံမှာ ဒီလိုလေးထိုင်ပြီး ပို့စ်ပေးကြည့်ပါ။ ကင်မရာမကြည့်တဲ့ ဒီပို့စ်အနေအထားလေးက ဆွဲဆောင်မှုရှိပြီး အရမ်းလှပါတယ်။

Freestyle ပုံစံလေးနဲ့ အရမ်းလှတဲ့ ဒီပို့စ်လေးကတော့ ကင်မရာမကြည့်ချင်တဲ့ ကောင်မလေးတွေ ရိုက်ကိုရိုက်ကြည့်သင့်ပါတယ်။

ဒီပို့စ်လေးဆိုလည်း Freestyle ပုံစံလေးနဲ့ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

ကင်မရာမကြည့်ချင်ရင် ဒီလိုအောက်ငုံ့နေတဲ့ပုံလေးတွေ ရိုက်ကြည့်ပါ။ တစ်ကိုယ်လုံးပုံပေါ်အောင် ရိုက်မယ်ဆိုရင် ခြေထောက်အနေအထားက အရေးကြီးပါတယ်။

Freestyle လေးဝတ်ထားရင် ဒီလိုလေး ပို့စ်ပေးရိုက်ကြည့်ပါ။ မျက်နှာက တစ်ဖက်ကိုကြည့်နေတဲ့ပုံလေး လုပ်တဲ့အခါ ပုံထဲကလို ခေါင်းလေးနည်းနည်းစောင်းပေးပါ။

ဒီပုံလေးဆိုရင်လည်း အရမ်းချစ်ဖို့ကောင်းပါတယ်။ ခြေထောက်ထားတဲ့ပုံစံလေးကြောင့် ပိုချစ်ဖို့ကောင်းသွားတာပါ။

ဓာတ်ပုံရိုက်ရင် ကင်မရာမကြည့်ချင်ဘူး၊ ပို့စ်လည်း သိပ်မလုပ်တတ်ဘူးဆိုရင် ဒီလိုလေးသာရိုက်ကြည့်ပါ။

ကင်မရာမကြည့်ချင်ရင် ထီးပါတဲ့အခါ ထီးထုတ်ဆောင်းပြီး ဒီလိုလေးရိုက်လို့လည်း ရပါသေးတယ်။ ဝတ်ထားတဲ့ဖက်ရှင်လေးလှနေရင် ပိုပြီးလှတဲ့ ပုံကောင်းလေး ထွက်လာမှာပါ။

Photo source:www.pinterest.com