အခုနောက်ပိုင်း လူငယ်ကောင်မလေးတွေကြားမှာ Headphones တပ်တာလေးတွေက ပိုပြီးခေတ်စားလာပါတယ်။ Headphones တပ်ပြီး ဓာတ်ပုံရိုက်တာလေးတွေကလည်း ခေတ်စားလာပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ Headphones တပ်ပြီး ဓာတ်ပုံရိုက်မယ့် ကောင်မလေးတွေအတွက် ပို့စ်အိုင်ဒီယာလေးတချို့ကို မျှဝေပေးလိုက်ပါတယ်။

မျက်နှာမပေါ်ချင်တဲ့အခါ Headphones တပ်ပြီး ဒီလိုလေးရိုက်လို့ရပါတယ်။ မြက်ခင်းပြင်မှာပဲဖြစ်ဖြစ်၊ ကြမ်းပြင်မှာပဲဖြစ်ဖြစ် လှဲရိုက်တဲ့အခါ အသုံးဝင်ပါလိမ့်မယ်။

ကားပေါ်မှာ Headphones တပ်ပြီး ဓာတ်ပုံရိုက်တဲ့အခါ မျက်နှာမပေါ်ချင်ရင် ဒီလိုလေးရိုက်ကြည့်ပါ။ မျက်နှာလေးပေါ်ချင်ရင်တော့ လက်ကိုဖယ်ပြီး ကင်မရာကို တည့်တည့်ကြည့်နေတဲ့ပုံမျိုး ရိုက်ကြည့်ပါ။

အိမ်မှာ Headphones တပ်ပြီးရိုက်မယ်ဆိုရင် ဒီပုံလေးအတိုင်း ရိုက်ဖြစ်အောင်ရိုက်ကြည့်နော်။ ချစ်ဖို့ကောင်းတဲ့ပုံလေး ရလာပါလိမ့်မယ်။

Picnic ထွက်သလိုပုံစံလေးတွေ ရိုက်ဖြစ်တဲ့အခါမှာ အသုံးဝင်စေမယ့် ပို့စ်ပေးနည်းလေးပါ။ မျက်နှာသိပ်မပေါ်ချင်တဲ့သူတွေအတွက်လည်း အသုံးဝင်တယ်နော်။

Headphones တပ်ပြီး mirror selfie ရိုက်တဲ့အခါမှာတော့ ဒီပို့စ်လေးအတိုင်း ရိုက်မယ်ဆိုရင် လွယ်ကူပါတယ်။

ကော်ဖီဆိုင်လေးတွေ ထိုင်ဖြစ်တဲ့အခါ Headphones တပ်ပြီး ဒီလိုလေးပို့စ်ပေးရိုက်ကြည့်ပါ။ လှပတဲ့ပုံကောင်းလေးရလာမှာ သေချာပါတယ်။

Headphones တပ်ပြီး selfie ရိုက်မယ်ဆိုရင် မျက်နှာအနေအထားကို ဒီလိုပုံလေးအတိုင်း ရိုက်ကြည့်ပါ။ လူငယ်ဆန်ပါတယ်။

Headphones နဲ့ selfie ရိုက်မယ်ဆိုရင် ဒီပို့စ်လေးအတိုင်းလည်း ရိုက်ကြည့်နော်။ ဆွဲဆောင်မှုရှိပြီး ချစ်ဖို့ကောင်းတဲ့ပုံစံလေးပါ။

ဒီပို့စ်လေးဆိုရင် ချစ်ဖို့ကောင်းပါတယ်။ လုပ်ရတာလည်း မခက်ခဲတဲ့ပို့စ်မျိုးဖြစ်လို့ try ကြည့်နော်။

မြက်ခင်းပြင်မှာပဲဖြစ်ဖြစ်၊ ကြမ်းပြင်မှာပဲဖြစ်ဖြစ် Headphones လေးတပ်ပြီး ရိုက်မယ်ဆိုရင် တစ်ကိုယ်လုံးပေါ်အောင် ဒီလိုလေးပို့စ်ပေးရိုက်တာလည်း လှပါတယ်။

ဒီပို့စ်လေးကတော့ အထာကျကျနဲ့မိုက်တဲ့ပုံစံလေးပါ။ Headphones တပ်ပြီးရိုက်ရင် ဒီလိုလေး ပို့စ်ပေးရိုက်ကြည့်နော်။