ဓာတ်ပုံရိုက်ရတာကိုဝါသနာပါတဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ ကော်ဖီဆိုင်တွေမှာ ဓာတ်ပုံရိုက်တဲ့အခါ အထာကျနေစေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ သူများနဲ့မတူတဲ့ပုံစံမျိုးလေး ရိုက်ချင်တဲ့သူတွေအတွက်လည်း အဆင်ပြေမယ့်ပုံစံလေးတွေ ဖြစ်မှာပါ။

ကော်ဖီဆိုင်အပြင်ဘက်မှာ ထိုင်ပြီးရိုက်လို့ရမယ့်နေရာလေးရှိရင် ဒီလိုလေးထိုင်ရိုက်ကြည့်ပါ။ ပြီးပြည့်စုံတဲ့ပုံတစ်ပုံရဖို့ဆိုရင် ကိုယ့်ရဲ့ဖက်ရှင်နဲ့လည်း ဆိုင်ပါသေးတယ်။

ဘောင်းဘီလေးတွေနဲ့ freestyle ပုံစံဝတ်ထားရင်တော့ ဒီလိုမျိုးလေး ပို့စ်ပေးပြီးရိုက်ကြည့်ပါ။ မိုက်လည်းမိုက်သလို ချစ်ဖို့လည်းကောင်းပါတယ်။

အနောက်တိုင်းဆန်ဆန်လေးရိုက်ချင်ရင် ဒီလိုဖက်ရှင်မျိုးဝတ်ပြီး သတင်းစာတို့၊ စာစောင်တို့ ဖတ်နေတဲ့ပုံလေး ရိုက်ကြည့်ပါ။ ဒီပုံမှာဆိုရင် မျက်မှန်နဲ့ ဦးထုပ်က အသက်ပါပဲ။

ဆိုင်ထဲမှာ ကော်ဖီခွက်လေးကိုင်ပြီး ဒီလိုမျိုးလည်း ပို့စ်ပေးကြည့်ပါ။ မျက်မှန်လေးနဲ့ဆို ပိုပြီးမိုက်ပါတယ်။

ကော်ဖီဆိုင်မှာ ဓာတ်ပုံရိုက်တဲ့အခါ ပို့စ်သိပ်မပေးတတ်ရင် လက်ထောက်ပြီး ဒီလိုမျိုးလေးတွေ ပို့စ်ပေးကြည့်ပါ။ ရုပ်တည်နဲ့နေတာ၊ မျက်မှန်တပ်ပြီးရိုက်တာတွေက ပိုမိုက်ပါတယ်။ ကိုယ်ဝတ်ထားတဲ့ဖက်ရှင်နဲ့လည်း လိုက်ဖက်နေဖို့ လိုပါသေးတယ်။

မျက်နှာမပြတဲ့ပုံမျိုးရိုက်ချင်ရင် စာအုပ်လေးနဲ့ကွယ်ပြီး ရိုက်ကြည့်ပါ။ ဒီလိုပို့စ်ပုံစံမျိုးတွေကျတော့ Effect တို့၊ Filter တို့ကို ခပ်မိုက်မိုက်လေးပြန်သုံးမှသာ ပုံထွက်လှပြီး မိုက်နေမှာပါ။

ကော်ဖီခွက်ကိုင်ထားတဲ့ပုံစံလေးတွေ၊ ဆံပင်သပ်နေတဲ့ပုံစံလေးတွေလည်း ပို့စ်ပေးပြီးရိုက်ကြည့်ပါ။

photo source:www.pinterest.com