တချို့မိန်းကလေးတွေက မျက်လုံးကျဉ်းကျဉ်းလေးတွေနဲ့ ချစ်ဖို့ကောင်းကြပါတယ်။ သူတို့ ရယ်လိုက်တာနဲ့ မျက်လုံးလေးတွေ ပျောက်သွားတတ်ပြီး ပါးအို့ကျယ်ကျယ်လေးတွေကိုပဲ မြင်ရပါတော့တယ်။ ဒီတစ်ခေါက်မှာတော့ ဒီလို အပြုံးလေးရှိတဲ့ ပျိုမေတို့ကို ပိုချစ်စရာကောင်းစေမယ့် ပို့စ်ပေးနည်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ ရှုခင်းလှလှလေး ရှေ့မှာ

သင်က ပုံထဲကလို ဘာပို့စ်မှ မပေးဘဲ ရပ်နေမယ်ဆိုရင်တော့ သင့်အပြုံးလေးက ကယ်ဖို့ လိုပါမယ်။ ဒါ့အပြင် နောက်ခံ ရှုခင်းလှဖို့လည်း အရေးကြီးပါတယ်။

၂။ ထိုင်ခုံပေါ်မှာ ထိုင်ပြီး လက်နဲ့ ပါးကို ထောက်ထားမယ်

ပါးလေးကို လက်တစ်ဘက်နဲ့ ကိုင်ထားပြီး မျက်လုံးလေး မှိတ်ကာ ပြုံးထားရပါမယ်။ ဒီလိုဆိုရင် ချစ်စရာကောင်းတဲ့ ပို့စ်လေးကို ပိုင်ဆိုင်နိုင်ပါပြီ။

၃။ ပေါ့ပေါ့ပါးပါး ပုံစံ

အိတ်လေးကို ပေါ့ပေါ့ပါးပါး ကိုင်ထားပြီး ရယ်နေတဲ့ ပုံစံလေးက ကြည့်တဲ့သူကိုပါ ကြည်နူးစေနိုင်ပါတယ်။

၄။ လက်ကလေးနဲ့ ထောက်ထားမယ်

သင့်လက်ကို ကြာပန်းပွင့် ပုံစံလေး လုပ်ပြီး မျက်နှာမှာ ကပ်ထားနိုင်ပါတယ်။ ဒီလိုပုံစံနဲ့ မျက်လုံးလေး မှိတ်ပြီး ပြုံးနေရပါမယ်။

၅။ ချစ်ဖို့ကောင်းတဲ့ စတိုင်လေး

အအေးဘူးလေးကို ကိုင်ထားပြီး ခေါင်းပေါ်တင်တော့မယ့် ချစ်စရာပို့စ်လေး ဖန်တီးနိုင်ပါတယ်။

၆။ လက်ထောင်မယ်

ကင်မရာဘက်ကို လက်နှစ်ချောင်း ထောင်ပြတဲ့ ပုံစံလေး လုပ်နိုင်ပါတယ်။ ပြီးရင်တော့ သင်ရယ်နေကျ ပုံစံလေးအတိုင်း ရယ်နေနိုင်ပါတယ်။

၇။ Selfie

ပန်းပွင့် ဒါမှမဟုတ် ပစ္စည်းလှလှလေးကို ကိုင်ထားကာ ထုံးစံအတိုင်း သင့်မူပိုင် အပြုံးလေးနဲ့ အပေါ်စီးကနေ Selfie ဆွဲနိုင်ပါတယ်။

၈။ ဆံပင်လေးကို ကိုင်ပြီး ရယ်နေမယ်

သင့်ဆံပင်ကို လက်ကလေးနဲ့ ဖွဖွလေး ကိုင်ပြီး မျက်လုံးလေး မှိတ်ကာ ရယ်နိုင်ပါတယ်။

၉။ လက်နဲ့ ပါးလေးကို ထောက်ထားမယ်

လက်ထောက်ပြုံးနေတဲ့ ပုံစံလေးနဲ့ ပခုံးတစ်ဘက်ကို အပေါ်ဘက် ချစ်စရာကောင်းစွာ ပင့်ထားနိုင်ပါတယ်။

၁၀။ နေရောင်ခြည်ဘက် မျက်နှာမော့ထားမယ်

မျက်လုံးမှိတ်ပြီး ရယ်တတ်သူတွေအဖို့တော့ နေရောင်ဘက် ခေါင်းမော့ပြီး ချစ်စရာကောင်းအောင် ပြုံးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar