ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ စုံတွဲတွေအတွက် ခေတ်စားနေတဲ့ Pose လေးတွေ ဖော်ပြပေးလိုက်ပါတယ်။

ကမ်းခြေမှာ သို့မဟုတ် နေထွက်ချိန်မှာ လမ်းလျှောက်တဲ့အခါ တစ်ယောက်လက်ကိုတစ်ယောက်တွဲ နှစ်ယောက်သားကြည့်ရင်း ရယ်မောရင်း လမ်းလျှောက်တဲ့ပုံစံလေး ရိုက်ကြည့်ပါ။

နှစ်ယောက်လုံး ကင်မရာရှေ့မှာ နှာခေါင်းချင်းထိရင်း အနီးကပ် pose တစ်ခု ရိုက်လို့ရပါတယ်။ နှစ်ယောက်စလုံး ရယ်နေဖို့တော့ လိုမယ်နော်။

ကောင်မလေးကို ပွေ့လိုက်ပါ။ မိန်းကလေးက ခြေထောက်လေးကို မြှောက်ထားပြီး တစ်ယောက်နဲ့တစ်ယောက် မျက်နှာတွေကို  နီးကပ်အောင်ထားလိုက်ပါ။ ကောင်လေးရဲ့နဖူးကို နမ်းတာ ဒါမှမဟုတ် နဖူးချင်းထိလိုက်ပါ။ ဒီထက် Romantic ဆန်တဲ့ Pose ရှိပါအုန်းမလား?

Pose မပေးတတ်ဘူး ၊ Pose ပေးရမှာ ရှက်တတ်တဲ့လူဆိုရင်တော့ ဒီလိုလေးရိုက်ကြည့်ပါ။ လက်လေးကိုင်ပြီး တစ်ယောက်ကိုတစ်ယောက် တောက်ပတဲ့ အပြုံးတွေနဲ့ကြည့်လိုက်ပါ။

အနောက်ကနေဖက်လိုက်တဲ့အချိန်မှာ မိန်းကလေးကအနောက်ကို ပြုံးပြီးလှည့်ကြည့်လိုက်ပါ။ နွေးထွေးပြီး ပျော်ရွှင်တဲ့အပြုံးလေးတွေက အသက်ပေါ့။

ဂါဝန်ဝတ်ထားတဲ့အချိန်ဆို ဒီပုံမျိုးလေးစမ်းကြည့်ပါ။ ကပွဲမှာကနေတဲ့ မင်းသားနဲ့မင်းသမီးလေးလို ချစ်ဖို့ကောင်းပြီး ပျော်ရွှင်နေတဲ့ပုံရိပ်လေး ထင်ဟပ်နေမှာပါ။