ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ ကောင်မလေးတွေအတွက် Portrait ပုံ ရိုက်တော့မယ်ဆိုရင် လှလှလေးထွက်လာအောင်လို့ ပို့စ်ပေးနည်းလေးတွေနဲ့ ဘယ်လိုရိုက်ရမလဲဆိုတာလေးတွေကို မျှဝေပေးလိုက်ပါတယ်။

စာအုပ်လေးတစ်အုပ်ရှိရုံနဲ့ ဒီလိုပို့စ်လေးတွေပေးပြီး Portrait ပုံ လှလှလေးတွေ ရိုက်လို့ရပါတယ်။

Freestyle ပုံစံလေးဝတ်ပြီး လှေကားနားမှာ ဒီလိုပို့စ်ပေးပြီး Portrait ပုံလှလှလေး ရိုက်လို့ရပါတယ်။

ခပ်မိုက်မိုက်ဖက်ရှင်လေးတွေဝတ်ပြီး Portrait ပုံရိုက်မယ်ဆိုရင်တော့ ဒီလိုလေးထိုင်ပြီး ရိုက်ကြည့်ပါ။

နောက်ကအပင်လေးတွေနဲ့ Portrait ပုံရိုက်မယ်ဆိုရင်တော့ ဒီလိုပို့စ်လေးက အလွမ်းအဆွေးပုံလေးဖြစ်စေပြီး အရမ်းလှပါတယ်။

နေဝင်ချိန်ရိုက်မယ်ဆိုရင် ဂါဝန်အဖြူလေး၊ အင်္ကျီအဖြူလေးတွေနဲ့ ဒီလို Simple ဖြစ်တဲ့ ပို့စ်လေးပေးပြီး Portrait ရိုက်ရင် အရမ်းလှပါတယ်။

Campaign လုပ်တဲ့အခါ ခရီးထွက်တဲ့အခါမျိုးမှာ ဂစ်တာလေးနဲ့ ဒီလိုရိုက်တာမျိုးကျတော့ Portrait ပဲရိုက်ရိုက်၊ ရိုးရိုးပဲရိုက်ရိုက် တအားကြည့်ကောင်းပြီး လှပါတယ်။

ဒီလိုဖက်ရှင်လေးဝတ်တဲ့အခါ ဆံပင်လေးစည်းပြီး အခုလိုပို့စ်မျိုးလေးနဲ့ Portrait ရိုက်ကြည့်ပါ။ ကိုရီးယားဆန်ပြီး ချစ်ဖို့ကောင်းတဲ့ပုံကောင်းလေး ရရှိမှာပါ။

မြို့ထဲမှာ၊ လမ်းမတွေမှာ ရိုက်မယ်ဆိုရင်တော့ ဒီလို Portrait ပုံလေးရိုက်ကြည့်ပါ။ ဘယ်အချိန်ဖြစ်ဖြစ် ရိုးမသွားပဲ လှနေမှာပါ။

အပင်စိုက်ထားတဲ့နေရာလေးတွေ၊ ယာကွင်းလေးတွေမှာ ရိုက်မယ်ဆိုရင် ကျစ်ဆံမြီးလေးကျစ်ပြီး ဒီလိုဦးထုပ်လေးဆောင်းပြီး Portrait ရိုက်ကြည့်ပါ။ ဂါဝန်အဖြူ၊ အင်္ကျီအဖြူလေးတွေနဲ့ဆိုရင် ပိုပြီးတော့ ပုံထွက်လှစေပါတယ်။

photo source: www.pinterest.com