ဓာတ်ပုံရိုက်တယ်ဆိုတာဟာ ကိုယ်တန်ဖိုးထားရတဲ့ အချိန်အခိုက်အတန့်တွေ၊ အရွယ်တွေကို အမြတ်တနိုး တန်ဖိုးထားပြီး သိမ်းဆည်းထားနိုင်ဖို့အတွက်ဖြစ်ပါတယ်။ ဘယ်လိုပုံစံနဲ့ပဲရိုက်မယ်ဆိုတာက ကိုယ့်ရဲ့ရွေးချယ်မှုတစ်ခုဖြစ်သလို တစ်ယောက်တည်းရိုက်မလား၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးရိုက်မလား၊ မိသားစုနဲ့အတူ နွေးနွေးထွေးထွေးရိုက်မလား၊ ချစ်သူနဲ့အတူရိုက်မလား စသဖြင့် ကိုယ်ကြိုက်ရာကို ရွေးချယ်နိုင်ပါတယ်။
သူများတွေမပါဘဲ ကိုယ်ငယ်ရွယ်တုန်းမှာ အလှဆုံးအရွယ်လေးကို အမှတ်တရ သိမ်းထားချင်လို့ တစ်ယောက်တည်းပဲ ဓာတ်ပုံရိုက်ချင်တဲ့ ပျိုမေတို့အတွက်လည်း ရွေးချယ်မှုတွေအများကြီးပါပဲ။ ဒီလို အများအပြားရှိတဲ့အထဲကမှ မိန်းကလေးတွေကို အမြဲတမ်းတင်စားလေ့ရှိတဲ့ ပန်းပွင့်လေးတွေနဲ့အတူ ပို့စ်လှလှလေးတွေပေးပြီးတော့ ဓာတ်ပုံရိုက်ချင်သူလေးတွေအတွက် သီးသန့်ဖော်ပြပေးချင်ပါတယ်။
စတူဒီယိုမှာပဲရိုက်ရိုက် အပြင်သွားရင် သူငယ်ချင်း သို့မဟုတ် မိသားစုဝင် သို့မဟုတ် ချစ်သူက ရိုက်ပေးရင်ပဲဖြစ်ဖြစ် အလွယ်တကူလုပ်လို့ရတဲ့ ပို့စ်လေးတွေဆိုတော့ ကျော်မသွားဘဲနဲ့ တချက်လောက် ကြည့်ထားလိုက်ပါအုံးလို့ တိုက်တွန်းချင်ပါတယ်နော်။
Source: Pinterest