Portrait ပုံ ရိုက်ချင်တဲ့ ကောင်မလေးတွေအတွက် လွယ်ကူတဲ့ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီပုံလေးတွေကတော့ ဓာတ်ပုံရိုက်ရင် ပို့စ်သိပ်မပေးတတ်တဲ့သူတွေနဲ့ အရယ်အပြုံးသိပ်မရှိတဲ့ ကောင်မလေးတွေအတွက် အရမ်းအသုံးဝင်မှာပါ။

Portrait ပုံလေးတွေရိုက်တဲ့အခါမှာ ပန်းလေးကိုကိုက်ပြီး ဒီလိုပုံစံလေးရိုက်ကြည့်ပါ။ Filter ကို အမှောင်ဘက်သွားတာလေးသုံးပေးရင် ပိုမိုက်ပါတယ်။

ပန်းစည်း (သို့) ပန်းကိုပိုက်ပြီး အပေါ်ကိုကြည့်နေတဲ့ပုံစံကို ဘေးတစ်စောင်းလေးရိုက်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။ ပို့စ်သိပ်မပေးတတ်တဲ့သူတွေနဲ့ အရယ်အပြုံး သိပ်မရှိတဲ့သူတွေအတွက်လည်း အရမ်းလွယ်ကူတဲ့ပုံစံလေးပါ။

ထွေထွေထူးထူး ပို့စ်မပေးတတ်ရင်တော့ တစ်နေရာကိုမှီနေတဲ့ပုံလေးပဲ ဘေးတစ်စောင်း portrait ရိုက်လို့ရပါတယ်။

Portrait နဲ့ အလှပုံရိုက်တဲ့အခါ သစ်ရွက်လေးနဲ့ ဒီလိုပို့စ်ပေးပြီးတော့လည်း ရိုက်ကြည့်ပါ။ အရမ်းလှပါတယ်။

ဦးထုပ်လေးကာပြီး ဒီလိုအနီးကပ် portrait ရိုက်တာလည်း အရမ်းလှပါတယ်။ မိတ်ကပ်ပြင်ထားတဲ့သူဆိုရင် မိတ်ကပ်အလှပိုပေါ်လွင်စေတဲ့ ပုံစံမျိုးလေးပါ။

Portrait ရိုက်ရင် မျက်နှာလေးကိုနည်းနည်းမော့ပြီး ဘေးတစ်စောင်းလေး ရိုက်ကြည့်ပါ။ ရိုက်ပေမယ့်သူက နည်းနည်းပင့်ရိုက်ရင် ပိုပြီးလှမှာပါ။ ဒီပုံလေးဆိုရင် လူတိုင်းအတွက် အဆင်ပြေမယ့် ပို့စ်ပေးနည်းလေးပါပဲ။

ဒီလိုပုံစံလေး ပို့စ်ပေးပြီးရိုက်တာလည်း အရမ်းချစ်ဖို့ကောင်းပါတယ်။ ရိုးရိုးထက် portrait ရိုက်ရင် ပိုလှမှာပါ။

Portrait ပုံ အနီးကပ်ရိုက်ရင် သစ်ရွက်လေးတွေနဲ့ကွယ်ပြီး ဒီလိုပို့စ်လေးတွေရိုက်ကြည့်ပါ။ အရမ်းလှပါတယ်။

ဆံပင်ကိုင်ပြီး နောက်ငုံ့နေတဲ့ပုံလေးတွေဆိုလည်း portrait ရိုက်ရင် ရိုးရိုးလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။