ဒဲ့သွားတဲ့ စကပ်အတိုလေးတွေကို ပျိုမေတို့ အဝတ်များလာကြပါတယ်။ ဒီစတိုင်က သင့် ပေါင်တံလေးကို ပိုပေါ်သွားစေကာ မိန်းကလေးဆန်ဆန်နဲ့ ပိုလှစေနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ စကပ်အတိုနဲ့ တွဲနိုင်မယ့် အင်္ကျီအတွဲအစပ်တွေကို ဖော်ပြပါရစေ။ အခုဖော်ပြထားတဲ့ စကပ်စတိုင်တွေက တိုလွန်းတာမျိုး မဟုတ်တာမို့ သင့်အနေနဲ့ အခုမှ အတို စဝတ်တယ်ဆိုရင် ဒီစတိုင်လေးတွေက သင်နဲ့ သင့်တော်မှာပါ။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

အပေါ် Crop အကျပ်လေးနဲ့ စကပ်တိုက လိုက်ဖက်ပါတယ်။ သင်က ခန္ဓာကိုယ် ပိန်ပိန်ပါးပါးလေးဆိုရင် ဒီစတိုင်က သင့်ကို အလှဆုံး ဖြစ်စေပါလိမ့်မယ်။

စကပ်ထက် တစ်ဆင့်ပိုနုတဲ့ တီရှပ်တွေနဲ့ စကပ်တိုကို တွဲနိုင်ပါတယ်။ အင်္ကျီကို စကပ်တိုထဲ Tuck ဝတ်ကာ ပေါ့ပေါ့ပါးပါး လှနိုင်ပါတယ်။

အပေါ် လက်ပြတ် အင်္ကျီ Crop ကို စကပ်တိုနဲ့ တွဲနိုင်ပြီး ပူအိုက်တဲ့ ရာသီမှာ အသင့်တော်ဆုံး ဖြစ်နေပါလိမ့်မယ်။

ရှပ်အင်္ကျီလက်ရှည်နဲ့ စကပ်တိုကို တွဲနိုင်ပါတယ်။ ရှပ်အင်္ကျီကို စကပ်တိုထဲ ထည့်ဝတ်ပြီး အပြင်ဘက် ဖောင်းဖောင်းလေး ထားနိုင်ပါတယ်။ ဒီစတိုင်လေးက သင့်ကို မိန်းကလေးဆန်ကာ ကိုးရီးယားဆန်ဆန် လှစေပါလိမ့်မယ်။

V Shape Blouse မှာမှ အပွင့်လေးတွေပါတဲ့ စတိုင်က ရင်ဘတ် သိပ်မရှိတဲ့ ပျိုမေတို့နဲ့ လိုက်ဖက်ပြီး ဒါကို စကပ်တိုနဲ့ တွဲလိုက်မယ်ဆိုရင် စတိုင်အကျဆုံး ဖြစ်နေပါလိမ့်မယ်။

စကပ်တို အနက်လေးနဲ့ တွဲနိုင်မယ့် အရောင် ထူးထူးခြားခြားလေးကတော့ ခရမ်းရောင်ပါ။ ခရမ်းရောင် အင်္ကျီလက်ရှည်နဲ့ စကပ်တိုကို အထာကျကျ တွဲနိုင်ပါတယ်။

အဝါရောင် စကပ်နဲ့ တွဲနိုင်မယ့် အလှဆုံး အရောင်ကတော့ အဖြူရောင်ပါ။ ဒီစတိုင်လေးက ပွဲတက်မယ်ဆိုရင်တောင် သင့်တော်မယ့် စတိုင် ဖြစ်ပါတယ်။

အပေါ် Blouse အပြာလေးနဲ့ စကပ်တို အဖြူကို တွဲဖက်နိုင်ပါသေးတယ်။ သင်က အလုပ်သွားတဲ့အချိန် စကပ်ဝတ်လို့ရရင် ဒီစတိုင်လေးကို Try ကြည့်သင့်ပါတယ်။

မိန်းကလေးတွေကြား အဝတ်များတဲ့ Crop စတိုင်လေးနဲ့ စကပ်တိုကို တွဲနိုင်ပါတယ်။ ပန်းရောင်နဲ့ Floral ပါတဲ့ Blouse အင်္ကျီလေးက သင့်ကို မိန်းကလေးဆန်ဆန် လှနေစေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar