ကေပေါ့ အိုင်ဒေါ အများစုကျွမ်းကျင်ကြတဲ့ သီချင်းဆိုခြင်း၊ အက၊ ရက်ပ်ရွတ်တာအပြင် တခြားကျွမ်းကျင်တဲ့ အရာများစွာ ရှိပါတယ်။ ဒီတခြား ကျွမ်းကျင်တဲ့အရာတွေထဲမှာ ဂီတတူရိယာတွေကို တီးခတ်ခြင်းလည်း ပါဝင်ပါတယ်။ အမျိုးသမီး အိုင်ဒေါ အချို့ဆိုရင် သီချင်းဆိုရင်း ဂစ်တာကိုပါ ကျွမ်းကျွမ်းကျင်ကျင် တီးနိုင်ကြပါတယ်။ ဂစ်တာက မိန်းကလေးတွေအဖို့ လက်ချောင်းနုနုလေးတွေ ဖြစ်တာကြောင့် ခက်ခဲတဲ့ အရာလို့ ပြောလို့ရပါတယ်။ ဒါကိုပဲ ဖော်ပြပါ အမျိုးသမီး အိုင်ဒေါတွေက ကျွမ်းကျင်စွာ တီးခတ်နိုင်ကြပါတယ်။

၁။ Girls’ Generation/SNSD Seohyun

Seohyun က အသံချိုချိုလေးနဲ့ သီချင်းဆိုနိုင်တဲ့အပြင် ဂစ်တာနဲ့ စန္ဒရားကိုပါ တီးခတ်နိုင်ပါတယ်။ သူမရဲ့ အလှက သီဆိုဖျော်ဖြေတဲ့အချိန်တိုင်း တောက်ပနေတတ်ပါတယ်။ Seohyun ရဲ့ Taylor Swift “Speak Now” သီချင်းကို Cover ဆိုထားတာမှာ ဂစ်တာပါ တီးနိုင်တာကို တွေ့ရမှာပါ။

၂။ Wonder Girls Hye Rim

Wonder Girls အဖွဲ့ရဲ့ အသက်အငယ်ဆုံး အဖွဲ့ဝင် Hye Rim က Multi-talented Artist တစ်ဦး ဖြစ်ပါတယ်။ သူမက ဂစ်တာကို အပျော်တမ်းမဟုတ်ဘဲ ကျွမ်းကျွမ်းကျင်ကျင်ကို တီးခတ်နိုင်တာပါ။ Wonder Girls အဖွဲ့ရဲ့ 2017 Comeback Teaser မှာ Hye Rim ရဲ့ လက်သံကို နားထောင်နိုင်ပါတယ်။

၃။ BLACKPINK Rosé

BLACKPINK အဖွဲ့ ရဲ့ Rosé က သီချင်းများစွာကို ဂစ်တာတီးကာ Cover ဆိုလေ့ရှိသူ ဖြစ်ပါတယ်။ Jisoo နဲ့အတူ Justin Bieber “Love Yourself” Cover သီချင်းမှာ Rosé က ဂစ်တာတီးပေးထားပါတယ်။ သူမရဲ့ ဂစ်တာနဲ့ သီဆိုတဲ့ သီချင်းများစွာကိုလည်း YouTube Platform မှာ ရှာဖွေကြည့်နိုင်ပါတယ်။

၄။ IU

တစ်ကိုယ်တော် အဆိုတော် IU က သီချင်းဆိုတာ၊ သရုပ်ဆောင်တာအပြင် ဂစ်တာပါ တီးခတ်နိုင်ပါသေးတယ်။ ဒါ့အပြင် သူမက တေးရေးဆရာ တစ်ဦး ဖြစ်ပြီး ဂစ်တာ၊ ဒရမ်၊ စန္ဒရား စတာတွေကို တီးခတ်နိုင်သူပါ။ Tamia ရဲ့ “Officially Missing You” သီချင်းကို ဂစ်တာတီးသီဆိုထားတဲ့ IU ရဲ့ သီချင်းကို နားထောင်နိုင်ပါတယ်။

၅။ BLACKPINK Jennie

Jennie က ချစ်စရာ မျက်နှာလေးအပြင် သီချင်းဆိုတာ၊ ရက်ပ်ရွတ်တာ၊ ကတာ၊ ဂစ်တာတီးတာ၊ စန္ဒရားတီးတာတွေပါ ပြုလုပ်တတ်သူပါ။ ဒါပေမဲ့ သူမက ပရိတ်သတ်ရှေ့မှာတော့ ဂီတတူရိယာတွေကို သိပ်တီးပြလေ့မရှိပါဘူး။ Jennie ရဲ့ Daniel Caesar Best Part နဲ့ သူမရဲ့ ဂစ်တာသံကို နားထောင်နိုင်ပါတယ်။

၆။ AKMU Suhyun

AKMU Suhyun က စန္ဒရားနဲ့ ဂစ်တာကို ကျွမ်းကျင်စွာ တီးခတ်နိုင်သူပါ။ သူမက Someday Festival မှာ တစ်ကိုယ်တော် ဂစ်တာနဲ့ ဖျော်ဖြေခဲ့ဖူးပါတယ်။ သူမရဲ့ Vlog မှာ စန္ဒရား၊ ဂစ်တာနဲ့အတူ သူမရဲ့ အသံချိုချိုလေး ကို ကြည့်ရှုနားထောင်ရမှာပါ။

၇။ Red Velvet Wendy

Red Velvet အဖွဲ့ဝင် Wendy က သီချင်းဆိုတာ၊ Beatboxing နဲ့ တူရိယာမျိုးစုံကို တီးခတ်နိုင်ပါတယ်။ Wendy ရဲ့ Speak Now Cover ကို နားဆင်ကြည့်ပါနော်။

၈။ (G)-IDLE Yuqi

(G)-IDLE အဖွဲ့ဝင် ဖြစ်တဲ့ Yuqi က တရုတ်တူရိယာ Guzheng ကို ကျွမ်းကျင်စွာ တီးခတ်နိုင်သူပါ။ သူမက Guzheng အပြင် ဂစ်တာကိုပါ တီးခတ်တတ်သူပါ။ သူမရဲ့ Lady Gaga, Bradley Cooper သီဆိုထားတဲ့ Shallow သီချင်း Cover ကို နားဆင်ကြည့်နိုင်ပါတယ်။

Source: YouTube

By MyStyle Myanmar