ခွေးချစ်တဲ့သူတွေအတွက် ချစ်ဖို့ကောင်းတဲ့ Poodle & Bichon Frise ပုံစံ လက်သည်းဒီဇိုင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ လက်သည်းကို အမျိုးမျိုးပုံဖော်နေရင်းနဲ့ ဘယ်လိုဒီဇိုင်းမျိုး ပုံဖော်ရမှန်းမသိတော့ရင် ဒါလေးတွေက အသုံးဝင်စေမှာပါ။

အရောင်နဲ့ လက်သည်းဒီဇိုင်းက လုံးဝကို Perfect ဖြစ်ပြီးတော့ကို ချစ်ဖို့ကောင်းနေတာပါ။ ခွေးချစ်တတ်ရင် ဘာမှစဉ်းစားမနေပဲ ဒီလက်သည်းဒီဇိုင်းကိုသာ ပုံဖော်လိုက်ပါ။ ဒီဇိုင်းကလည်း မြင်နေကျပုံစံတွေနဲ့မတူပဲ ဆန်းပါတယ်။

Bichon Frise ပုံလေးကိုမှ ပန်းရောင်လေးသုံးပြီးပုံဖော်ထားတာ အရမ်းချစ်ဖို့ကောင်းပါတယ်။ ခွေးချစ်တတ်တဲ့သူလေးတွေကတော့ ဒီလက်သည်းဒီဇိုင်းလေးကို သဘောကျမှာ သေချာပါတယ်။

လက်သည်းဒီဇိုင်းကို စုံနေအောင်ပုံဖော်ထားတာမျိုး ကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းကိုသာ ရွေးချယ်ပါ။ ဒီဇိုင်းဆန်းပြီး ချစ်ဖို့ကောင်းသလို လူငယ်လည်းဆန်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ကလေးဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ လက်သည်းအရှည်မထားတဲ့သူတွေနဲ့ဆို ပိုပြီးလိုက်ဖက်ပါတယ်။

ဒီလက်သည်းဒီဇိုင်းဆိုရင် ပုံဖော်ထားတဲ့ပုံစံက မြင်နေကျပုံစံတွေထဲကနေ ကွဲထွက်ပြီး ဆန်းပါတယ်။ ဒီဇိုင်းနဲ့ အရောင်လေးတွေကအစ ချစ်ဖို့ကောင်းတာကြောင့် လူငယ်ကောင်မလေးတွေနဲ့ဆို ပိုပြီးလိုက်ဖက်မှာပါ။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် လက်ငြိမ်ရင် ကိုယ်တိုင်တောင် အိမ်မှာပုံဖော်လို့ရတဲ့ ဒီဇိုင်းမျိုးဖြစ်ပါတယ်။

လက်သည်းအရှည်ထားရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်လို့ရပါတယ်။ ချစ်ဖို့ကောင်းပြီး ဒီဇိုင်းလေးလည်း ဆန်းပါတယ်။

ပန်းရောင်နဲ့အဖြူကိုစပ်ပြီး ပုံဖော်ထားတာလေးက ရိုးရှင်းပါတယ်။ လက်မမှာ Poodle & Bichon Frise ပုံလေး ပုံဖော်ထားတာကတော့ အသက်ပါပဲ။ အရမ်းချစ်ဖို့ကောင်းပါတယ်။ လက်သည်းအရှည်ထားတဲ့သူနဲ့လည်း လိုက်သလို၊ လက်သည်းအတိုထားတဲ့ သူတွေနဲ့လည်း လိုက်ဖက်ပါတယ်။