အခက်အခဲတွေနဲ့ ကြုံတွေ့ရတိုင်းမှာ ဘာတွေလုပ်သင့်သလဲဆိုတဲ့ ပြဿနာဖြေရှင်းနည်းတွေသာ သိမယ်ဆိုရင် ဘဝကြီးက ပျော်ရွှင်စရာကောင်းနေမှာပါ။ ဒီနေ့ MyStyle Myanmar page က Relationship တစ်ခုမှာ အဆင်ပြေစေမယ့် နည်းလမ်းတစ်ချို့ကို ဖော်ပြပေးသွားမှာပါ။

ကိုယ့်ကို ချစ်လာဖို့ အတင်းမကြိုးစားပါနဲ့

တချို့လူတွေက သူတို့ကို ပြန်ချစ်လာဖို့ အတင်းအကျပ် တောင်းဆိုတတ်ကြပါတယ်။ ရလာဒ်ကတော့ ငြင်းဆို ခံရတာပါဘဲ။ အဲ့ဒါကြောင့် တစ်ယောက်ယောက်ကို ချစ်လာပြီဆိုရင် သူ့ရဲ့ ခံစားချက် ၊ သူ့ရဲ့ရွေးချယ်မှုကို နားလည်ပေးသင့်ပါတယ်။ သူ့ကို ပျော်ရွှင်အောင်ထားတာတွေ၊ သူ့ဝါသနာလေးတွေကို အတူတူလုပ်ဆောင်ရင်းကနေမှ သူ့ရဲ့အချစ်ကို ရယူနိုင်ပါတယ်။

ကိုယ်ချစ်တဲ့သူကို အလေးထားပါ

အားလပ်ရက်မှာ ကိုယ်ချစ်တဲ့သူ့အတွက် အချိန်ပေးတာမျိုး၊ သူ့ကိုဂရုစိုက်ပေးတာမျိုး၊ သူ့ကိုအလေးပေးတာမျိုးတွေ ပြုလုပ်ပေးသင့်ပါတယ်။ အဲ့လိုသာဆိုရင် ကိုယ့်ဆီကနေ ဘယ်တော့မှ ရုန်းမထွက်ဘဲ သာယာတဲ့ ချစ်သူဘဝကို ရရှိမှာဘဲ ဖြစ်ပါတယ်။

ကိုယ့်ကိုကိုယ်ချစ်ပါ

တခြားတစ်ယောက်ကို ချစ်ဖို့ဆိုရင် အရင်ဆုံး ကိုယ့်ကိုကိုယ် ချစ်တက်ဖို့လိုအပ်ပါတယ်။ ကိုယ့်ကိုကိုယ် စိတ်ချမ်းသာအောင်ထားပြီး ကိုယ့်ခံစားချက်၊ ကိုယ့်စိတ်ကူးတွေကို အလေးထားပါ။ ကိုယ်ကိုယ်တိုင်က ပျော်ရွှင်နေမှသာ တခြားတစ်ယောက်ကို ပျော်ရွှင်မှုတွေ ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

ကိုယ့်ဆီက ထွက်သွားချင်တဲ့သူကို အတင်းမဆွဲထားပါနဲ့

လူတော်တော်များများ လုပ်တတ်တဲ့ အမှားပါ။ ကိုယ်ဘယ်လောက်ကောင်းကောင်း၊ ကိုယ့်ဘက်က ဘယ်လိုဘဲ အဆင်ပြေအောင်နေနေ ထွက်သွားချင်တဲ့သူက ထွက်သွားမှာပါ။ အတင်းပြန်ဆွဲထားတဲ့ခါ သူလဲ စိတ်မချမ်းသာ ၊ ကိုယ်လဲ စိတ်မချမ်းသာတာမျိုးတွေ ဖြစ်နေတတ်ပါတယ်။