အခုနောက်ပိုင်းမှာ Homemade Body Scrub တွေကလည်း အရမ်းပေါ်ပြူလာဖြစ်နေတာဆိုတော့ ငွေကုန်သက်သာအောင် တော်တော်များများက အိမ်မှာပဲ Body Scrub လုပ်လာကြပါတယ်။ ဒါကြောင့် အိမ်မှာပဲလုပ်မယ်ဆိုရင် ဘယ်အချက်တွေကို သိထားသင့်လဲဆိုတာကို မျှဝေပေးချင်ပါတယ်။

Body Scrub လုပ်လိုက်တာနဲ့ အသားအရေက အရမ်းကိုနူးညံ့ပြီး ချောမွေ့သွားစေပါတယ်။ သူက အရေပြားပေါ်ကဆဲလ်သေတွေကို ဖယ်ရှားပေပြီး ဆဲလ်သစ်တွေကို ပြန်လည်ဖြစ်ပေါ်လာစေပါတယ်။ ပုံမှန်လုပ်ပေးမယ်ဆိုရင် အသားအရေ ကြည်လင်ပြီးလှပလာပါတယ်။

Source: www.larevista.ro

ပထမဆုံးအနေနဲ့ Body Scrub လုပ်တော့မယ်ဆိုရင် အသားအရေက စိုစွတ်နေဖို့လိုအပ်ပါတယ်။ ဒါကြောင့် Scrub လုပ်မယ့်နေရာကို ရေအရင်စွတ်ပေးပြီးမှ Scrub ကိုယူကာ ပွတ်ပေးရပါမယ်။ ပွတ်တဲ့အခါမှာလည်း စက်ဝိုင်းပုံစံလေး ညင်ညင်သာသာ ပွတ်ပေးဖို့ လိုပါမယ်။ ဒါမှသာ အသားအရေကထိခိုက်မှုမရှိပဲ အညစ်အကြေးတွေနဲ့ ဆဲလ်သေတွေကိုလည်း ဖယ်ရှားနိုင်မှာပါ။ တံတောင်ဆစ်နဲ့ ဒူးဆစ်နေရာတွေကို သေချာလေးပွတ်ပေးပါ။ Scrub လုပ်ပြီးတဲ့အခါမှာလည်း ရေကိုသေချာပြန်ဆေးရပါတယ်။ ပြောင်သွားအောင် ဆပ်ပြာနဲ့ ရေသေချာဆေးပေးဖို့လိုပါမယ်။ Scrub လုပ်ပြီးရင် ယားတယ်ဆိုတာက ရေပြန်ဆေးတာမပြောင်လို့ပါ။

Source: www.today.line.me

Scrub လုပ်ပြီးသွားတဲ့အခါမှာ အသားအရေဟာ အရမ်းကိုနူးညံ့သွားတာဖြစ်တဲ့အတွက် ရေဓာတ်ပြန်ဖြည့်ပေးဖို့လိုပါတယ်။ ဒါကြောင့် ရေဓာတ်ဖြည့်ပေးတဲ့ Lotion, Moisturizer တို့ကို မဖြစ်မနေ လိမ်းပေးရပါမယ်။ Scrub လုပ်ပြီးသွားရင် အသားအရေက အရမ်းနူးညံ့နေတဲ့အတွက် နေပူထဲမထွက်ရပါဘူး။ နေပူထဲထွက်ရင်တောင် အင်္ကျီလက်ရှည်ဝတ်ပြီး ထီးဆောင်းပြီးမှ ထွက်သင့်ပါတယ်။ ဒါကြောင့် ပိတ်ရက် အိမ်မှာ နားနားနေနေလုပ်ပေးတာ အကောင်းဆုံးပါပဲ။

Source: www.shutterstock.com

Body Scrub ကို တစ်ပတ်မှာ ၂ ကြိမ်၊ ၃ ကြိမ် လုပ်ပေးလို့ရပါတယ်။ အချိန်မရရင်တောင် တစ်ပတ်မှာတစ်ကြိမ်တော့ ပုံမှန်လုပ်ပေးရပါမယ်။ Scrub ကို ပုံမှန်လေး အမြဲလုပ်သွားပေးမယ်ဆိုရင်တော့ အသားအရေက သိသိသာသာကိုကြည်လင်လာမှာပါ။ အသားအရေကကြည်လာပြီး Skincare တွေလည်း သေချာလုပ်ပေးမယ်ဆိုရင်တော့ အသားဖြူလာမှာပါ။