ခုနောက်ပိုင်းလူတွေကြား ရေပန်းစားအပြောများလာတဲ့ စကားတစ်ခွန်းက ဂျင်းမိတယ်ဆိုတဲ့စကားပါပဲ။ ဂျင်းမိတယ် ဆိုတာ ကောင်းသောစကားတစ်ခုတော့ မဟုတ်ပါဘူး။ တနည်းအားဖြင့် အလိမ်ခံရတယ် အင်ထည့်ခံရတယ်လို့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ ကမ္ဘာကျော်ကုန်ပစ္စည်း အမှတ်တံဆိပ်တွေမှာလည်း ဂျင်းတွေ အများကြီးရှိပါတယ်။
ကိုယ်က ဈေးကြီးပေးဝယ်ပြီး ဝယ်လိုက်ရပေမယ့် တန်ဖိုးနဲ့အဆမတန် ညံ့လွန်းနေတဲ့ပစ္စည်းကို ရရင်တော့ ဒါဟာဂျင်းထည့်ခံရတာပဲဖြစ်ပါတယ်။ ဒီလိုကမ္ဘာကျော် ကုန်ပစ္စည်းအမှတ်တံဆိပ်တွေနဲ့ ပတ်သက်ပြီး ဂျင်းမမိစေဖို့ သင့်အနေနဲ့ သိထားရမယ့် အရေးကြီးတဲ့အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။
(1) Beats Headphone
Beats တံဆိပ် Headphone တွေရဲ့ ဗူးခွံအောက်ခြေတိုင်းမှာ ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေရဲ့ Serial Number တွေရေးတဲ့ စတစ်ကာတွေ ကပ်ထားပါတယ်။ အညွှန်းစာသားတွေကိုလည်း အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်၊ စပိန်နဲ့ အီတလီစတဲ့ ဘာသာစကား (၅) မျိုးနဲ့ ဖော်ပြထားပါတယ်။
Headphone ပေါ်မှာလည်း Brand နာမည်ဖြစ်တဲ့ Beats ဆိုတဲ့စာလုံးကို ထင်ထင်ရှားရှား အသားတံဆိပ်ထွင်းထားပါတယ်။
(2) Timberland ဖိနပ်
အမေရိကန်ဖိနပ်ကုမ္မဏီတစ်ခုဖြစ်တဲ့ Timberland ဖိနပ်တွေဟာလည်း လူကြိုက်အများဆုံး ကုန်ပစ္စည်းတစ်ခုအဖြစ် ရပ်တည်နေပါတယ်။ Timberland ဖိနပ်တွေမှာ အဓိကအားဖြင့် အသုံးပြုထားတဲ့ သားရေသားတော်တော်ကွာပါတယ်။
နောက်တစ်ချက်က ဖိနပ်ဘေးဘက်အောက်ခြေနားမှာပါတဲ့ Timberland အသားတံဆိပ် Logo ဟာ ရေစိုခံတယ်လို့ အာမခံချက်ပေးထားပါတယ်။ ဖိနပ်ရဲ့အောက်ခံ Sole ဟာလည်း ကျစ်ကျစ် လစ်လစ်နဲ့ ခိုင်ခံမှုရှိပြီး အရမ်းကြီးထူမနေပါဘူး။
Timberland ဖိနပ်တွေဟာ အမေရိကန်ကုန်ပစ္စည်းတစ်ခု ဖြစ်ပေမယ့်အဓိက Official စက်ရုံတွေကတော့ တရုတ်နိုင်ငံမှာရှိတာဖြစ်ပြီး တရုတ်နိုင်ငံမှာပဲ ချုပ်လုပ်ထုပ်ပိုးမှုတွေပြုလုပ်ကာ နိုင်ငံတကာကို တင်သွားတာဖြစ်ပါတယ်။
(3) Adidas ဖိနပ်
Adidas ဖိနပ်တွေရဲ့ ဗူးခွံတွေမှာလည်း Serial နံပါတ်တွေပါဝင်ပြီး ဗူးခွံပေါ်က Serialနံပါတ်တွေနဲ့ ဖိနပ်လျှာ အတွင်းဘက်မှာ ရေးသားထားတဲ့ နံပါတ်တွေဟာ အတူတူပါပဲ။ ရေးထွင်းထားတဲ့စာလုံးတွေရဲ့ စာလုံးပေါင်းအာလုံးဟာလည်း မှန်နေရပါမယ်။
အတုတွေမှာတော့ စာလုံးမမှန်တာတွေရှိပါတယ်။ ဖိနပ်လျှာ အပေါ်ဘက်က Adidas Logo ကလည်း ဖောင်းကြွစာလုံးတွေနဲ့ ရေးထွင်းထားတာပါ။ ဖိနပ်ကြိုးထည့်တဲ့ အပေါက်တွေမှာလည်း သံကွင်းအစွပ်လေးတွေ မပါဝင်ဘဲ Original အပေါက်အတိုင်း ကြိုးတွေကို ထိုးထားပါတယ်။
သိသာထင်းရှားတဲ့ အချက်တစ်ခုကတော့ ဖိနပ်ရဲ့အနောက်ဘက်ခြမ်းမှာ တြိဂံပုံ လည်သာသားရေတံဆိပ်လေး ပါဝင်နေမှာမဟုတ်ဘဲ အတုတွေမှာသာ အဆိုပါတြိဂံပုံ လည်သာသားရေးတံဆိပ်လေး ပါဝင်နေတာ ဖြစ်ပါတယ်။
(4) MK အိတ်
MK အိတ်တွေမှာ အတုနဲ့အစစ်ခွဲရာမှာ Logo ကအများကြီး သိသာထင်းရှားတဲ့ အချက်ပါ။ Logo ထွင်းထားတဲ့ သတ္တု အရောင်နဲ့ အိတ်မှာပါဝင်နေတဲ့ သတ္တုအရောင်တွေဟာ အတူတူ ဖြစ်နေရပါမယ်။
အိတ်ရဲ့ ဇစ်ဆွဲတွေ သော့တွေဟာ ဝိတ်အနည်းငယ်ရှိပြီး ဒီအချက်ကလည်း Authenic ဖြစ်မဖြစ် ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။ အိတ်ခုလုံးပါဝင်တဲ့ သတ္တုနဲ့လုပ်တဲ့အရာတွေမှန်သမျှ အလေးချိန်ရှိပြီး ကော်တွေ တခြားသော အရည်အသွေးညံ့တဲ့ သတ္တုတွေနဲ့ ပြုလုပ်ထားတယ်ဆိုရင် သေချာပါတယ် ဂျင်းပါ။
Mk အိတ်တွေကို တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ တူရကီနိုင်ငံတွေမှာ ထုတ်လုပ်တာပဲဖြစ်ပါတယ်။ တခြားသောနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ပြစ်သစ်နဲ့ အီတလီစတဲ့ နိုင်ငံတွေမှာ ထုတ်လုပ်ထားတာပါလို့ ရေးထားရင်တော့ သေချာတယ် အတုပါပဲ။
၂၀၁၅ ခုနှစ်ကစတင်ပြီး MK အိတ်တွေရဲ့ အတွင်းဘက်မှာ မော်ဒယ်နံပါတ်တွေ တင်သွင်းခွင့်နံပါတ်တွေကို ဂဏန်း (၁၀) လုံးနဲ့ ရေးသားထားပါတယ်။ အဲ့ဒီနံပါတ်တွေအတိုင်း MK ရဲ့ Official ဝက်ဆိုဒ်တွေမှာ စစ်ဆေးကြည့်လို့ရနိုင်ပါတယ်။
Source: BrightSide