ဟယ်လို MyStyle Myanmar က ပျိုမေလေးတွေရေ ဒီနေ့မှာတော့ ပျိုမေတို့ချစ်ရတဲ့ အမျိုးသားတွေအတွက် လက်ဆောင်ဝယ်ပေးတော့မယ်ဆိုရင် နာရီ ၊ ခါးပတ် ၊ လက်ပတ် ၊ ဦးထုပ် အစရှိတာတွေ မဟုတ်ဘဲနဲ့ ထူးထူးခြားခြား နက်ခ်တိုင်ဝယ်ပေးဖို့ စဥ်းစားမိပါသလား။

နက်ခ်တိုင်ဝယ်ဖို့ တွေးမိတယ်ဆိုရင်တော့ သွားဝယ်တဲ့အခါမှာ အသုံးဝင်စေဖို့အတွက် ဘယ်အချက်တွေကို စံထားပြီး စဉ်းစားရွေးချယ်သင့်တယ်ဆိုတာကို အကြံပေးချင်ပါတယ်။

Face Shape

ကိုယ့်ချစ်သူရဲ့ မျက်နှာကျပုံ အနေအထားနဲ့ လိုက်မယ့်ဟာကို ရွေးချယ်ရမယ့်အပြင် သူအသုံးပြုလေ့ရှိတဲ့ နေကာမျက်မှန်၊ မျက်မှန်၊ ဦးထုပ်တို့နဲ့လည်း ကြည့်ကောင်းအောင် ထည့်သွင်းစဉ်းစားရပါမယ်။ ဥပမာပေးရမယ့်ဆိုရင် သူ့မျက်နှာကျက ကြီးတယ်ဆို Skinny Tie ကို မဝယ်ပေးတာ အကောင်းဆုံးပါ။ ဒီလိုပဲ မျက်နှာသွယ်ပြီးသေးတဲ့သူတွေအတွက်လဲ အလျားကျယ်တဲ့ Tie တွေဟာ အလုပ်မဖြစ်လောက်ပါဘူး။

Collar Shape ရှပ်အင်္ကျီကော်လံအနေအထား

Tie ကို အထုံးထုံးတဲ့အခါ ကော်လံသေးရင် Space မလောက်မှာဆိုးလို့ ကိုယ်ဝယ်ပေးမယ့်နက်ခ်တိုင်နဲ့ သူတွဲဝတ်မယ့်ရှပ်အင်္ကျီပါ်မူတည်ပြီး စဉ်းစားသင့်ပါတယ်။

Tie အမျိုးအစား

ဒီအချက်မှာ သတိထားသင့်တာ နှစ်မျိုးရှိပါတယ်။ တစ်ခုက တွဲဝတ်မယ့် Suit နဲ့ ရှပ်အင်္ကျီရဲ့ Texture အနေအထားပေါ်မူတည်ပြီး ရွေးချယ်သင့်သလို၊ နောက်ထပ်စဉ်းစားသင့်တာတစ်ခုက Tie Knot လုပ်မယ်ဆို အဆင်ပြေပြေထုံးနိုင်မယ့် Fabric ကို ရှာဝယ်ပေးသင့်ပါတယ်။

Tie အရောင်

မဖြစ်မနေ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်ပါ။ သင့်တော်တဲ့ နက်ခ်တိုင်အရောင်ကို ပါးနပ်စွာရွေးချယ်နိုင်မှုအပေါ် Elegant က စကားပြောသွားမှာ ဖြစ်ပါတယ်။ ဒီလိုနေရာမှာ ဆန့်ကျင်ဘက်ဖြစ်တဲ့ သဘောတရားက အလုပ်ဖြစ်ပါတယ်။ သူ့မှာရှိတဲ့ Suit အရောင်က Light ဖြစ်ရင် Tie ကို Darker ဖြစ်တာမျိုး ရွေးချယ်ပေးသင့်ပါတယ်။

အခုပြောပြခဲ့တဲ့ အချက်တွေက ချစ်သူရည်းစားအတွက်မှ မဟုတ်ဘဲ မိဘ၊ ဦးလေး၊ သူငယ်ချင်း၊ မောင်တွေ အစ်ကိုတွေလည်း အသုံးဝင်ပါတယ်နော်။