မင်္ဂလာပါရှင်။ အမျိုးသမီးတွေရဲ့ ဆွဲဆောင်မှုမှာ sexy ကျရမယ်၊ ခန္ဓာကိုယ် အချိုးအစားလှပမှုရှိရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာအလှထက် သင့်ကို ပိုပြီးဆွဲဆောင်မှုရှိစေတဲ့အရာတွေကတော့

၁။ ကြင်နာတတ်တဲ့သူ

လူတစ်ယောက်ကို ချစ်ခင်ကြင်နာတတ်တဲ့စိတ်မိန်းကလေးတိုင်းမှာ ရှိကြပါတယ်။ လေ့လာတွေ့ရှိမှုအရ သနားကြင်နာတတ်ပြီး ပြုံးတတ်တဲ့မိန်းကလေးတွေဟာ ရုပ်လှတဲ့သူတွေထက် ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ဆိုပါတယ်။

၂။ အကောင်းဖက်ကမြင်တတ်ပြီး ဟာသဉာဏ်ရှိတဲ့သူ

နောက်ထပ်အချက်တစ်ခုကတော့ အကောင်းဖက်ကမြင်တတ်ပြီး ဟာသဉာဏ်ရှိတဲ့ မိန်းကလေးတွေဟာ ပိုပြီးဆွဲဆောင်မှုရှိကြပါတယ်။ ပွင့်ပွင့်လင်းလင်းရယ်မောလိုက်တဲ့အခါ သင့်ကို ဆွဲဆောင်မှုပိုစေတယ်ဆိုတာ ယုံလိုက်ပါ။

၃။ စွဲလန်းမှုရှိတဲ့သူ

ဖြစ်ချင်တဲ့ ရည်ရွယ်ချက် အိပ်မက်တစ်ခုအတွက် စွဲလန်းမှု၊ စိတ်အားထက်တန်မှုရှိတဲ့ မိန်းကလေးတွေဟာလည်း ဆွဲဆောင်မှုရှိကြပါတယ်။

၄။ သူစိမ်းတွေနဲ့လည်း ပေါင်းသင်းတတ်တဲ့သူ

ကိုယ်နဲ့ တခါမှမမြင်ဖူးတဲ့သူတွေ၊ ဥပမာ သူငယ်ချင်းရဲ့ မိတ်ဆွေ၊ ချစ်သူရဲ့ မိတ်ဆွေတွေကိုလည်း ခင်ခင်မင်မင် ဖော်ဖော်ရွေရွေနဲ့ သဟဇာတဖြစ်အောင် ပေါင်းသင်းတတ်တဲ့သူတွေဟာ ဆွဲဆောင်မှုပိုရှိကြပါတယ်။

၅။ ယုံကြည်မှုရှိတဲ့သူ

နောက်ထပ် သင့်ကို ဆွဲဆောင်မှုရှိစေတဲ့အချက်ကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိခြင်းပါပဲ။ ယုံကြည်မှုရှိတာနဲ့ ယုံကြည်မှုလွန်ကဲတာနဲ့ မတူဘူးဆိုတာကိုလည်း တစ်ချက် သတိရစေချင်ပါတယ်။

၆။ ဆုံးဖြတ်ချက်ချနိုင်တဲ့သူ

အခုဆိုရင် အမျိုးသမီးတွေလည်း ဦးဆောင်သူနေရာမှာ ပါဝင်လာကြပြီဖြစ်ပါတယ်။ သင့်ကိုယ်သင်ယုံကြည်မှုရှိပြီး သင့်ရွေးချယ်မှုအတွက် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့သူ ဆုံးဖြတ်ချက်ချနိုင်တဲ့သူတွေဟာ ဆွဲဆောင်မှုရှိကြပါတယ်။

၇။ ကိုယ်ပိုင်စတိုင်လ်ရှိတယ်

နောက်ထပ် သင့်ကို ဆွဲဆောင်မှုပိုစေတာကတော့ ကိုယ်ပိုင်ရည်မှန်းချက်၊ ကိုယ်ပိုင်အမြင်တွေရှိခြင်း ကိုယ်ပိုင်စတိုင်လ်ရှိခြင်းပါပဲ။