ယုံကြည်မှုဆိုတာRelationship တိုင်းမှာ အရေးအကြီးဆုံးအချက်တစ်ချက်ပါ။ တကယ်လို့ တစ်ယောက်ကိုတစ်ယောက် မယုံကြည်ရင် သံသယဝင်စေပြီး ခေါင်းထဲမှာ အဖြစ်အပျက်အမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် လက်ရှိ သင့်ရဲ့ Relationship မှာ ပိုင်ဆိုင်ထားတဲ့လက်တွဲဖော်က သင့်အတွက် မှန်ကန်တဲ့လူဟုတ်မဟုတ်ဆိုတာ ဒီအချက်တွေနဲ့ တိုင်းတာကြည့်ပါ။

ကတိတွေကို အမြဲစောင့်ထိန်းကြတာ

ယုံကြည်ထိုက်သူတိုင်း အမြဲလုပ်နေတဲ့ အရာတစ်ခုက သူတို့ရဲ့ ကတိတွေကို စောင့်ရှောက်ခြင်းပါပဲ။ သင့်လက်တွဲဖော်က အခြေအနေတွေပြောင်းလဲသွားရင်တောင် သူတို့ရဲ့စကားတွေကို ဆက်ထိန်းထားမယ်ဆိုရင် သင်အားကိုးနိုင်တဲ့သူတစ်ယောက်ကို သင်ရှာတွေ့ပြီဆိုတာ ယုံကြည်ထားလိုက်ပါ။

ရှင်းရှင်းလင်းလင်းဖော်ပြတာ

မျက်နှာသာပေးခိုင်းတာပဲဖြစ်ဖြစ်၊ မင်းကိုချစ်တဲ့အကြောင်း ကြေငြာတာပဲဖြစ်ဖြစ်၊ နားလည်မှုလွဲတာထက် ပိုဆိုးတာ ဘာမှမရှိဘူးဆိုတာကို ယုံကြည်စိတ်ချရတဲ့သူက သိပါတယ်။

ဦးစားပေးတာ

သူတို့မှားသွားရင်တောင် မတောင်းပန်နိုင်တဲ့ ယောက်ျားလေး ဒါမှမဟုတ် မိန်းကလေးမျိုး သင်တွေ့ဖူးမှာပါ။ ဒါပေမယ့် သင်ယုံကြည်ထိုက်သူတစ်ယောက်ရဲ့ လက္ခဏာက သင်နဲ့ လိုက်လျောညီထွေဖြစ်ဖို့ သူတို့ဆန္ဒရှိနေတာပါပဲ။

ဂရုစိုက်တာ

သင်ရွေးထားတဲ့လူက မှန်ကန်တဲ့လူဟုတ်မဟုတ်ဆိုတာ သူတို့ဂရုစိုက်ကြောင်းပြသတဲ့ပုံစံကနေ သင်သိပါလိမ့်မယ်။ ဒီလူက ယုံကြည်စိတ်ချရတယ်လို့ ခံစားမိနေပြီဆိုရင်တော့ သင်တို့ရဲ့ဆက်ဆံရေးက ပိုခိုင်မာလာမှာပါ။

ပွင့်လင်းတာ

နာမည်ကျော် အမေရိကန် ကဗျာဆရာနှင့် တက်ကြွလှုပ်ရှားသူ Maya Angelou က “ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် ပေးကြတဲ့ အကြီးမားဆုံး လက်ဆောင်ကတော့ အမှန်တရားကို ပြောပြခြင်းပဲ” လို့ ဆိုပါတယ်။ ယုံကြည်စိတ်ချရမယ့်လူက အမှန်အတိုင်းပြောဖို့ အရေးကြီးတယ်ဆိုတာ လက်ခံထားမှာပါ။

အပေါ်ယံအရာများကို စိတ်မဝင်စားတာ

ယုံကြည်စိတ်ချရမယ့်လူက အပေါ်ယံအရာတွေကို စိတ်မဝင်စားကြပါဘူး။ သင်သူတို့ကို သင်ပေးနိုင်တဲ့အရာထက် သင်ဘယ်သူလဲဆိုတာကိုဘဲ သူတို့က ပိုစိတ်ဝင်စားကြပါတယ်။